Onlinespyboy
Would you like to react to this message? Create an account in a few clicks or log in to continue.
Admin

Admin:

Name Christano John Bryan Joseph
Age 18
e-mail onlinespyboy@gmail.com
Website http://friendworld.friendhood.net
နောက်ဆုံးထွက် album 10
Friends World
Latest topics
» မိတ်ဆက်ပါတယ်
ရင် ခုန် ရမယ့် ဆည်းဆာ EmptyWed Feb 08, 2012 10:37 am by nayzawxtet

» BFဆိုတာဘာလဲ
ရင် ခုန် ရမယ့် ဆည်းဆာ EmptyFri Dec 30, 2011 6:20 am by naingkoko

» ကွန်ပျူတာက ကောင်မလေးသို.
ရင် ခုန် ရမယ့် ဆည်းဆာ EmptyFri Dec 30, 2011 5:58 am by naingkoko

» ၀ိဥာဉ်တစ်ကောင်ရဲ့တမ်းချင်း
ရင် ခုန် ရမယ့် ဆည်းဆာ EmptyWed Dec 07, 2011 7:05 am by nayminnmyat

» Format Factory
ရင် ခုန် ရမယ့် ဆည်းဆာ EmptyTue Aug 30, 2011 4:45 am by Admin

» Window XP Start နဲ့  Shutdown မြန်အောင်လုပ်နည်း
ရင် ခုန် ရမယ့် ဆည်းဆာ EmptyWed Aug 10, 2011 4:20 am by Admin

» Window XP ရဲ့ လျိဝှက်ချက် 40
ရင် ခုန် ရမယ့် ဆည်းဆာ EmptyWed Aug 10, 2011 4:16 am by Admin

» Youtube က video များကို Gtalk Chat Box မှာ ကြည့်ရအောင်
ရင် ခုန် ရမယ့် ဆည်းဆာ EmptyWed Aug 10, 2011 3:48 am by Admin

» အင်တာနက်ကွန်နက်ရှင် မြန်လာအောင်
ရင် ခုန် ရမယ့် ဆည်းဆာ EmptyWed Aug 10, 2011 3:40 am by Admin

» Repairing Memory Stick
ရင် ခုန် ရမယ့် ဆည်းဆာ EmptySat Jul 16, 2011 11:36 pm by Admin

Green Tea Restaurant

ရင် ခုန် ရမယ့် ဆည်းဆာ

Go down

ရင် ခုန် ရမယ့် ဆည်းဆာ Empty ရင် ခုန် ရမယ့် ဆည်းဆာ

Post by Admin Tue Jun 21, 2011 2:20 am

ရင် ခုန် ရမယ့် ဆည်းဆာ Nankyarphyu “တမာ ရနံ့လေး သင်းသင်းမွှေးတဲ့ အညာမြေကို သတိရ...” သူတို့ဆီမှာတော့ တမာနံ့ ဖြစ်ချင် ဖြစ်မှာပေါ့။




ကျွန်တော့် အဖို့မှာတော့ လမ်းဘေးတစ်ဖက်
တစ်ချက်စီမှာ ညီညာ အုံ့မှိုင်းစွာ အစီအရီ ရှိနေတဲ့ မလေးရှား ပိတောက်တွေရဲ့
ရနံ့က ပျော်စရာ အတိတ်နေ့တွေဆီ စိတ်ပြန်လည် စေခဲ့ပါပြီ။ ဟိုးအရှေ့
စူးစူးဆီမှာ ခံ့ခံ့ကြီး ရပ်တည်နေတဲ့ ဇွဲကပင် တောင်ကြီးကတော့ ပြောင်းလဲမှု
တစ်စုံတစ်ရာ မရှိတဲ့ ကျွန်တော်တို့ မြို့ရဲ့ အထင်ကရ အမှတ်အသားကြီးပေါ့။

အရုဏ်
မကျင်းတကျင်းမှာ ဇွဲကပင် တောင်ပေါ် အတူ တက်ခဲ့ဖူးတာတွေ၊ လရောင်ဆမ်းတဲ့
ညချမ်းမှာ သီချင်း တကြော်ကြော်အော်ဟစ်ရင်း အတူတက်ခဲ့ဖူးတာတွေ
တွေးရင်းနဲ့တောင် ပျော်လာတယ်။ ခိုင်လုံတဲ့ အကြောင်းပြချက်တွေ ပေးပြီး
ဒီလမ်းကြောတစ်လျှောက် ကျွန်တော်တို့ ခြေရှုပ်ခဲ့တာတွေ။ ဘုရားဖူးရင်း လိပ်ဥ
တူးကြတဲ့ အဖြစ်အပျက်ကလေးတွေ။ စက်ဘီးနဲ့ ယူမလား၊ ဆိုင်ကယ်နဲ့များ သွားမလား။
မြို့ရဲ့အရှေ့ဘက် ထွက်ရင် တောင်ဘက်က ပြန်ရောက်တာတွေ၊ မြို့ရဲ့
မြောက်ဘက်ကိုခိုင်းရင် အနောက်ဘက်က ပြန်တတ်တာတွေ၊ ခြေရာတွေချင်း
ထပ်ခဲ့ဖူးပါပြီ။

ပြန်လည်တွေးတိုင်း ရေးရေး ပေါ်တာပါပဲ။
စိတ်ဆိုးတစ်မနက်၊ စိတ်ကောက် တစ်ချက်နဲ့ သူငယ်ချင်းတွေ ရင်းနှီး
ပျော်ရွှင်စွာ တိုင်တိုင်ပင်ပင် ရှိခဲ့တဲ့ အချိန်တွေ အခုတော့လည်း
အိပ်မက်တစ်ခု လိုပါပဲ။ ဖြူစင်တဲ့ ချစ်ခြင်း မေတ္တာတွေ အရင်း ခံပြီး ကူညီ
ရိုင်းပင်းတတ်တဲ့ စိတ်စေတနာနဲ့ ဖေးကူ တွဲခေါ်ခဲ့တဲ့ လက်အစုံတွေ
ဘယ်မေ့နိုင်ပါ့မလဲ။

အခုတော့လည်း ဘ၀ ဇာတ်ခုံပေါ်မှာ ကျရာ ဇာတ်ရုပ်မှာ
ပါဝင်အသုံးတော်ခံရင်း ညောင်ပင် ကြီးရဲ့ညောင်သီးလေးတွေ တစ်မြေစီ ဝေးနေရပြီ။
ဘယ်နှသီးလောက်များ အစေ့အဖြုန်းတွေ ဖြစ် သွားမှာလဲ။ ဘယ်နှသီးလောက်များ
အပင်ပေါက် နိုင်မလဲ။ ဘယ်နှပင်လောက်များ လူတွေကို အကျိုးပြုနိုင်မလဲ၊ ဘယ်သူ
သိပါ့မလဲ။ အချိန်တွေ ကုန်လွန်ခဲ့တာ ကြာပေမယ့် ဇွဲကပင်တောင်ကြီးလိုပဲ
မပြောင်းမလဲ တည်ရှိနေတဲ့ နောက်တစ်ခုက အမေ့အိမ်ပေါ့။


တန်ဆောင်တိုင်မှာ ဆေးပေါင်းခဖို့ အမေ့ အိမ်ရှေ့က မဲဇလီပင်တွေ
အသင့်ဖြစ်နေပြီ ထင်တယ်။ ညီမလေး ကြိုက်လို့ စိုက်ပေးခဲ့တဲ့ ခရေပင်လည်း
အတော်ကြီးလောက်ပြီ ထင်ရဲ့။ မြို့ပြမှာ ဘယ်လောက်ပဲ ပျော်ပျော်
တစ်နှစ်တစ်ကြိမ် လောက်တော့ အိမ်ပြန်ပြီး အမေ ခူးကျွေးတဲ့ ထမင်းကို
စားချင်ပါရဲ့။

မရောက်တာ ကြာပြီဖြစ်တဲ့ ကျောက်ဖျာကြီး ပေါ်ကို
ရောက်အောင် လာခဲ့ပေမယ့် အထင်နဲ့ အမြင် လွဲခဲ့ပါပြီ။ ကျောက်ဖျာကြီးပေါ်မှာ
အရင်လို ထိုင်ငေး ထိုင်ဆွေးခွင့် မရတော့။ ဗုဒ္ဓရုပ်ပွား ဆင်းတုတော် တစ်ဆူက
သပ္ပာယ်စွာ တည်ရှိ နေပြီကိုး။ ကျောက်ဖျာကြီးရဲ့ အောက်ခြေရင်းက
မြစ်ပြင်ကျယ်မှာတော့ ၀ဲကတော့ကြီးတွေက ဆူညံ အော်ဟစ်လို့။ အရှေ့ဘက်ကမ်းဆီက
တောင်တန်းတွေ ပေါ် မှာတော့ အကျနေကြောင့် လင်းတစ်ချီ၊ မှောင် တစ်လှည့် မညီမညာ
နေခြည် ဖြာနေပုံက ကျွန်တော်တို့တစ်တွေနဲ့ ဆင်သယောင်။ နေ၀င်ချိန်
တိမ်တောက်တော့မှာကိုး။ ကြားဖူးတာကတော့ ရုပ်ဆိုး လှချိန်တဲ့။


မမှောင်ခင် ကျောင်းရောက်အောင် ပြန်ရမှာ မို့ ဆည်းဆာရင်ခုန်သံကို ဒီနေရာတင်
ရပ်ပြီး အမေ့အိမ် ရှိရာ ဘက်ကို ခြေဦးတည့်ရပြန်တယ်။ ခပ်လှမ်းလှမ်းက
တံတားပေါ်မှာတော့ ကားကြီး ကားငယ် အသွယ်သွယ်က တရွေ့ရွေ့ ဖြတ်နေဆဲ။
သောင်ပြင်စပ်ဆီမှာ ရေဆော့နေတဲ့ ကလေးငယ်တွေရဲ့ ဆူညံအော်ဟစ် နေသံက မကြား
တကြားလေး ဖြစ်နေတယ်။ ရေဆော့ ချင်လိုက်တာ။ နောက်ကျိနေတဲ့ မြစ်ရေထဲကို
ဒိုင်ဗင် ထိုးဆင်းပြီး ရေကူးချင်လိုက်တာ။ မဖြစ်သေး ပါဘူးလေ။ ကောင်မလေး
တစ်စု ကိုင်းတောကြားက ဖြတ်ပြီး မြစ်ဆိပ်ဆင်းသွားတာ မြင်လိုက်ရတယ်။
တစ်ယောက်က ကျွန်တော့်ကိုမြင်တော့ အားရ၀မ်းသာနဲ့ အဖော်တွေကို လက်တို့တယ်။
ပြီးတော့ အချင်းချင်း ကျိတ်ရယ်နေကြတယ်။ ကျွန်တော့် ပုံစံက ရယ်စရာ
ဖြစ်နေလို့လား။

ရုတ်တရက် အထွေးကို သတိ ရလိုက်တယ်။ ခုနက အုပ်စုမှာ
အထွေးများ ပါနေမလားလို့ လည် ပြန်ကြည့်မိတယ်။ ဘယ်ပါပါ့မလဲ။ အထွေးတို့၊
ကျွန်တော်တို့ အိမ်တွေက မြစ်ဆိပ်နဲ့ အရမ်း ဝေးတာပဲ။ အိမ်ကိုရောက်ရင်တော့
အထွေးကို တွေ့ဖြစ် အောင် တွေ့ရမှာပေါ့။

ငှက်ပျောတောနားက အဖြတ်မှာ
အထွေးကို ပို၍ သတိရလာသည်။ ထိုးထိုးထောင်ထောင် ထွက်နေသော ပဲညွန့်များ
လိုက်ခူးမိသည်။ မာလာဖူးများ လိုက်ချိုးမိသည်။ အရှိန်ကလေး ရလာတာမို့
အိမ်ပြန်လမ်းနှင့် ဆန့်ကျင်ရာသို့ တဖြည်းဖြည်း ရောက်လာပြန်သည်။

“ဟင်- ကျော်ကျော်”
ထိတ်လန့်တကြား အော်လိုက်သော အထွေး၏ အသံ။ ၀မ်းသာလိုက်သည် ဖြစ်ခြင်း။

“အထွေး၊ နင် တို့စရာ လာခူးတာလား”
သူမ အသာအယာ ခေါင်းညိတ်ပြသည်။ သို့သော် သူမ မျက်ဝန်းတွေက အံ့သြရိပ် မပြယ်သေးပေ။

“အတော်ပဲ၊ ဒါဆို ငါခူးထားတာတွေ နင်ပဲ ယူလိုက်တော့”
သူမလက်ထဲမှာ ကိုင်ထားသော ခြင်းထဲကို ကျွန်တော့် လက်ထဲက ပဲညွန့်တွေ၊
မာလာဖူးတွေ၊ ကြက်မအုပ်ညွန့်တွေ ထည့်ပေးလိုက်သည်။ သို့တိုင်အောင် သူမထံမှ
ဘာစကားမှ ထွက်မလာ။

“အထွေး၊ နင် ဘာဖြစ်နေတာလဲ။ နေမကောင်းဘူးလား”

“ငါ ပြန်တော့မယ်။ အဲတော့ မှားကုန်ပါပြီ၊ ကန်တော့နော်”

“ငါလည်း အိမ်ပြန်မလို့ပဲ။ အတူတူ သွားရအောင်”

“ဟင့်အင်း ဟင့်အင်း၊ သူများတွေ မြင်ရင် မကောင်းဘူး”

“ဘာဖြစ်လို့တုံးဟ”

သူမထံမှ အဖြေကို မကြားရတော့။ သူမ သုတ်ခြေတင်၍ ပြေးလေပြီ။ ဘာရမလဲ။
ကျွန်တော်လည်း ခုန်ပျံကျော်လွှားပြီးတော့ကို လိုက်တာပေါ့။ အရေးထဲမှာ
လုံချည်က မကြာ ခဏ ငြိနေရသေးသည်။ အထွေး ဘာဖြစ်နေ သနည်း။
ကျွန်တော့်အပေါ်များစိတ်ခုနေသလား။

ဘကြီးရွှေတင်၏ ခြံနားအရောက်တွင်
အထွေး ပျောက်သွားသည်။ ကျွန်တော် သိပြီ။ ခြံဝင်းကျယ်ကြီးကို
ကွေ့ဝိုက်သွားရမည့်အစား အထွေးသည် ဖြတ်လမ်းလိုက်လေပြီ။ ၀ါးလုံး တန်းကြားကို
လျှိုဝင်ရင်း ကျွန်တော်လည်း ဖြတ်လမ်းလိုက်ဖို့ ပြင်သည်။

“မလာနဲ့။ မြန်မြန်ပြန်ထွက်”
ခပ်လှမ်းလှမ်းမှ အလန့်တကြား လှမ်းအော် သော အထွေး၏အသံကို ကြားလိုက်ရသည်။
သူမ အလှည့်တော့ သွားလို့ရပြီး ကျွန်တော်ကျ တော့ ဘာလို့ မရရမှာလဲ။

“ငါ့ကို မလာစေချင်ရင် နင်လည်း ဆက် မပြေးနဲ့”
အထွေးခြေလှမ်းတွေ ချက်ချင်း တန့်သွားသည်။

“ငါက နင့်ကို လွမ်းလွန်းလို့ အိပ်ရေးတွေ ခဏခဏ ပျက်ရတာ။ နင့်ကို တွေ့ချင်လွန်းလို့ ပြေးပြီးလာရတာ”

“တော်ပါပြီ၊ ဆက်မပြောပါနဲ့တော့။ နောက် နေ့မှပဲ ပြောပါ။ တောင်းပန်ပါတယ်”

“ဘာဖြစ်လို့လဲ၊ သူများကြားမှာ စိုးလို့လား။ စိတ်မပူပါနဲ့၊ ဒီအချိန် ဒီခြံထဲမှာ ဘယ်သူမှ ပြန် မရောက်သေးဘူးဆိုတာ နင်လည်း သိသားပဲ”

“နောက်မှတွေ့မယ်နော်”

စကားမဆုံးခင် ပြေးထွက်သွားသော သူမ ကို ကျွန်တော် တားဆီးခွင့် မရလိုက်။
ခြံဝိုင်းထဲကို အမြန်ဝင်။ ခြေလှမ်းကို နှစ်ဆ တိုးမြှင့်လိုက်သည်။
ထိုအချိန်မှာ လှည့်ကြည့်လိုက်သော အထွေး၏ မျက်ဝန်းတွင် စိုးရိမ်
ပူပန်ရိပ်တို့ မြင်လိုက်သလို ရှိသည်။
“အထွေး၊ ငါ့ကို စောင့်ဦးလေ”

ကျွန်တော့်အသံ မာသွားလား မသိ။ အထွေးသည် ထဘီစွန်တောင် ဆွဲရင်း သုတ်ခြေတင်
ပြေးတော့သည်။ မိန်းကလေးနှင့် ယောက်ျားလေး အပြေး ပြိုင်လျှင် မည်သူနိုင်မည်
ထင်သနည်း။ သို့သော် ကျွန်တော်ကတော့ မနိုင် ခဲ့ပါ။ အကြောင်းမှာ အထွေးနှင့်
ကျွန်တော့်ကြားတွင် ဘယ်နေရာက အိပ်ရာ ထလာမှန်း မသိသော ခွေးနီကြီး တစ်ကောင်
ပေါ်လာသောကြောင့်ပင်။

ကျွန်တော်ကလည်း သူ့ကို မတွေ့ဖူးသော သူကလည်း
ကျွန်တော့်ကို မမြင်ဖူးသော ခွေးနီကြီးနှင့် ကျွန်တော် စိန်ပြေးတမ်း
ကစားရပါတော့သည်။ ကျွန်တော်ပြေးလျှင် သူပြေးသည်။ ကျွန်တော် ရပ်လျှင်
သူရပ်သည်။ ဟုတ်တော့ ဟုတ်နေပါပြီ။ ကျွန်တော်နှင့် ခွေးနီ၊ ခွေးနီနှင့်
ကျွန်တော် မုန့်လုံးစက္ကူ ကပ်နေပါတော့ သည်။ ကျွန်တော်လည်း အမော ဆို့နေပြီ။
သူလည်း လျှာထွက်နေပြီ။ သို့သော် ကျွန်တော့်ကို ခြံပြင်ထွက်ခွင့် မပေး။
ခြေလှမ်း ပြင်သည်နှင့် မာန်ဖီ နေတော့သည်။

ကျွန်တော် ကိုယ်တိုင်လည်း
ပြေးဖို့ အင်အား မရှိတော့။ စိတ်ချလက်ချ နားလို့ရမည့် နေရာတစ်ခု ရှာရသည်။
ဟိုခွေးက ယုံရတာ မဟုတ်။ မတော် ခုန်အုပ်နေမှဖြင့် အမေ့သား လူချောလေး အခက်
တွေ့ရပေလိမ့်မည်။ နားခိုရာ တွေ့သည်နှင့် ကုတ်ကတ်ပြီး တက်ခဲ့သည်။ ကောက်ရိုး
ပုံပေါ်လည်း ရောက်ရော ခြေပစ်လက်ပစ် လှဲချလိုက်တော့သည်။ အမေ့အိမ်ကို ရော
အထွေးကိုပါ စဉ်းစား မနေနိုင်တော့။

“xxx xxx xxx”
”xxx xxx xxx”
ဆူဆူညံညံ အသံတွေကြောင့် လန့်သွားမိသည်။ ကမန်းကတန်း လူးလဲ ထရန် အပြင်မှာပဲ
လျှောခနဲဖြစ်ပြီး မြေကြီးပေါ် ပြုတ်ကျသွားတော့သည်။ မြို့မှာ ဈေးတက်
ရောင်းရာမှ ပြန်လာသော ဘကြီးရွှေတင်တို့ သားအဖနှင့် ရွာသားတချို့။
ကျွန်တော့်ကို ထူးဆန်းသော သတ္တ၀ါ တစ်ကောင်လို ကြည့်နေသည်။

“မင်း၊ မင်း ကျော်ကျော် မဟုတ်လား”

“ဟာ- ဟုတ်ပါ့။ အကောင်ကြီး ထွားလာလိုက်တာ အဘတောင် မမှတ်မိတော့ဘူး”

“မင်း ဘယ်တုန်းက ပြန်ရောက်တာလဲ”

“ဟော့ကောင်၊ ဘယ်လို ခေါ်နေတာလဲ။ ဦးပဉ္စင်းကျော်ကြီးလို့ ခေါ်လေကွာ”

“ဗျာ”

အခုမှပဲ ကိုယ့်ကိုယ်ကိုယ် ပြန်ငုံ့ကြည့်မိသည်။ သင်္ကန်းပေါ်မှာ ကောက်ရိုးတွေ
ကပ်လို့။ ငှက်ပျောတောထဲ ၀င်တိုးထားတာကြောင့် မြေကြီးတွေလည်း ပေကျံလို့။
ငယ်ကျွမ်းဆွေကို မြင်လိုက်တာနဲ့ ကိုယ့်ကိုယ်ကိုယ် ဒုလ္လဘ ရဟန်း ဆိုတာ လုံးဝ
မေ့သွားတယ်။

“ဦးပဉ္စင်းကျော်ကြီးက ဘာလို့ ကောက်ရိုး ပုံပေါ်မှာ တက်အိပ် နေရတာတုံး”

“ဟို- ဟိုလေ...”

ကျွန်တော် ဖြေရှင်းမတတ်တော့။ ဆောရီးပဲ အထွေးရယ်။



နန်းကြာဖြူ၊ဘားအံ၊
(Teen မဂ္ဂဇင်း၊ဇွန်လ ၂၀၁၁)
Admin
Admin
Admin

Posts : 53
Join date : 2011-01-31
Age : 31
Location : Yangon,Myanmar

http://friendworld.friendhood.net

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum