Admin
Admin:
Name | Christano John Bryan Joseph |
Age | 18 |
onlinespyboy@gmail.com | |
Website | http://friendworld.friendhood.net |
နောက်ဆုံးထွက် album 10
Friends World
Latest topics
Green Tea Restaurant
Repairing Memory Stick
Page 1 of 1 • Share •
Repairing Memory Stick
ဒါကတော့မြန်မာအိုင်တီမန်းကိုအလည်ရောက်သွားရင်းတိုက်ဆိုင်တာနဲ့ဒေါင်းပြီးသုံးကြည့်တာ အဆင်ပြေလို့ဘော်ဒါတွေအတွက်ပြန်တင်ပေးလိုက်တာပါ စတစ်အပျက်ရှိရင်တော့အိုကေတာပေါ့
Memory Stick တွေ လူသုံးများသလိုပဲ အပျက်လည်း များလှပါတယ်။ ကွန်ပျူတာက မသိတော့တာ၊ Format ချခိုင်းတာ၊ ဖိုင်တွေ ထပ်ထည့်လို့မရတော့တာ၊ Capacity အပြည့်မရတော့တာ စသည်ဖြင့် ပြဿနာတွေက စုံလှပါတယ်။ အခုတော့ Format ချခိုင်းတယ်၊ ဒါပေမဲ့ Format ချမရတဲ့ Memory Stick တစ်ချောင်းကို ပြုပြင်နည်းလေးကို ရေးသားပေးလိုက်ပါတယ်။
သဘောတရားကတော့ Format ချခိုင်းတယ်ဆိုတာက တနည်းအားဖြင့် File System မရှိလို့ပါပဲ။ Format ချလည်း မရတာကတော့ Partition Table က Corrupt ဖြစ်လို့ပါ။ အဲဒါကြောင့် Partition Table ဖျက်ပြီး အသစ်ပြန်ဆောက်၊ ပြီးတော့ File System ပြန်သတ်မှတ်လိုက်ရင် ပြန်ကောင်းသွားပါလိမ့်မယ်။ လိုအပ်တဲ့ Software ကတော့ နှစ်ခုတည်းပါ။Test Disk ရယ် Bootice ရယ်ပါ။
ပထမဆုံး Test Disk ကို Run ပါ။ အောက်မှာပြထားသလို ပေါ်လာပါလိမ့်မယ်။
No Log ကို Keyboard က Arrow Key နဲ့ ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ Hard Disk နဲ့ Memory Stick ရယ် ပေါ်လာပါလိမ့်မယ်။ Memory Stick ကို ရွေးပါ။ Enter ခေါက်ပါ။ နောက်ထပ် သူက Partition Table type ကို ရွေးခိုင်းပါလိမ့်မယ်။ Intel ကို ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ [Analyse] [Advanced] [Geometry] စသည်ဖြင့် ရွေးချယ်စရာတွေ ပေါ်လာပါလိမ့်မယ်။ အဲဒီထဲက [Delete] ကို ရွေးပြီး Enter ခေါက်ပါ။ Yes/No မေးရင် Y ကို နှိပ်ပြီး Enter ခေါက်ပါ။ ဒါဆိုရင် Memory Stick ရဲ့ Partition Table ကို ဖျက်ပြီး သွားပါပြီ။
ဒီထိဆိုရင် TestDisk ရဲ့အပိုင်း ပြီးသွားပါပြီ။ နောက်ထပ် Bootice ကို Run ပါ။ အောက်မှာ ပြထားသလို ပေါ်လာပါလိမ့်မယ်။
Perform Format ကို နှိပ်ပါ။ နောက်တစ်ဆင့် ပေါ်လာရင် USB-HDD mode (Single Partition) ကို ရွေးပါ။ Next ကို နှိပ်ပါ။ Dialog box ပေါ်လာရင် OK နှိပ်ပါ။ ဒါဆိုရင် Format စရိုက်ပါလိမ့်မယ်။
ရပါပြီ။ စာဖတ်သူရဲ့ Stick အပျက်ကလေး ပြန်ကောင်းသွားပါလိမ့်မယ်။
Download Bootice (100KB)
http://db.tt/5h9XrtN
Download TestDisk (1.44MB)
http://db.tt/Nwmbws6

» Memory limit for Gallery
» [Yu-Gi-Oh! DM] More Millennium Memory Details
» In Memory of Larry Story
» Missing - Sean Sullivan London - FOUND SAFE & WELL
» Lapse Of Memory Or Lack Of Character?/TEXTUSA

Page 1 of 1
Permissions in this forum:
You cannot reply to topics in this forum
» BFဆိုတာဘာလဲ
» ကွန်ပျူတာက ကောင်မလေးသို.
» ၀ိဥာဉ်တစ်ကောင်ရဲ့တမ်းချင်း
» Format Factory
» Window XP Start နဲ့  Shutdown မြန်အောင်လုပ်နည်း
» Window XP ရဲ့ လျိဝှက်ချက် 40
» Youtube က video များကို Gtalk Chat Box မှာ ကြည့်ရအောင်
» အင်တာနက်ကွန်နက်ရှင် မြန်လာအောင်
» Repairing Memory Stick