Onlinespyboy
Would you like to react to this message? Create an account in a few clicks or log in to continue.
Admin

Admin:

Name Christano John Bryan Joseph
Age 18
e-mail onlinespyboy@gmail.com
Website http://friendworld.friendhood.net
နောက်ဆုံးထွက် album 10
Friends World
Latest topics
» မိတ်ဆက်ပါတယ်
မေမေ မသိသေးတာတွေ......... EmptyWed Feb 08, 2012 10:37 am by nayzawxtet

» BFဆိုတာဘာလဲ
မေမေ မသိသေးတာတွေ......... EmptyFri Dec 30, 2011 6:20 am by naingkoko

» ကွန်ပျူတာက ကောင်မလေးသို.
မေမေ မသိသေးတာတွေ......... EmptyFri Dec 30, 2011 5:58 am by naingkoko

» ၀ိဥာဉ်တစ်ကောင်ရဲ့တမ်းချင်း
မေမေ မသိသေးတာတွေ......... EmptyWed Dec 07, 2011 7:05 am by nayminnmyat

» Format Factory
မေမေ မသိသေးတာတွေ......... EmptyTue Aug 30, 2011 4:45 am by Admin

» Window XP Start နဲ့  Shutdown မြန်အောင်လုပ်နည်း
မေမေ မသိသေးတာတွေ......... EmptyWed Aug 10, 2011 4:20 am by Admin

» Window XP ရဲ့ လျိဝှက်ချက် 40
မေမေ မသိသေးတာတွေ......... EmptyWed Aug 10, 2011 4:16 am by Admin

» Youtube က video များကို Gtalk Chat Box မှာ ကြည့်ရအောင်
မေမေ မသိသေးတာတွေ......... EmptyWed Aug 10, 2011 3:48 am by Admin

» အင်တာနက်ကွန်နက်ရှင် မြန်လာအောင်
မေမေ မသိသေးတာတွေ......... EmptyWed Aug 10, 2011 3:40 am by Admin

» Repairing Memory Stick
မေမေ မသိသေးတာတွေ......... EmptySat Jul 16, 2011 11:36 pm by Admin

Green Tea Restaurant

မေမေ မသိသေးတာတွေ.........

Go down

မေမေ မသိသေးတာတွေ......... Empty မေမေ မသိသေးတာတွေ.........

Post by Admin Tue Jun 21, 2011 2:41 am

မေမေ မသိသေးတာတွေ......... Muemueကျွန်မ အကြောင်းလေးကို ပြောပြလို့ နားထောင် ချင်ကြပါ့ မလားတော့ မသိဘူး။




လူငယ်လေးတွေကို မြင်တိုင်း ကျွန်မ စိတ်ထဲက
ခံစားမှုတွေက ရုန်းကန် ထွက်လာတတ်တယ်။ ဟုတ်တယ်လေ။ ကျွန်မက ချာတိတ်တစ်ယောက်
မဟုတ်တော့တဲ့ အတွက် ခံစားမှုတွေက သိပ်မလှုပ်ခတ် တော့ဘူးလေ။ ကျွန်မ ဒီလို
ဆိုလိုက်တော့ ခံစားမှုတွေ မရှိဘူးလို့ ထင်မှတ် သွားကြမလားပဲ။ ဟင့်အင်း...
ကျွန်မက အရမ်း ခံစား တတ်တဲ့သူ။ အခု အချိန်မှာတောင် တောပန်းရိုင်းလေး
တစ်ပွင့် မြင်လိုက်ရင်ကိုပဲ ချစ်ဆိပ်တွေ တက်နေ တတ်တဲ့သူ။ တစ်လောတုန်းက
သူငယ်ချင်း တစ်စုနဲ့ ခရီးတိုလေးသွားရင်း၊ လမ်းဘေးက စိုစိမ်းနေတဲ့
မြက်ခင်းတွေကြားက ရိုးတံရှည်ရှည် တောပန်းရိုင်း ၀ါဝါ၊ ပြာပြာလေးတွေ
လေတသွဲ့သွဲ့မှာ ယိမ်းနွဲ့ နေပုံကို မြင်လိုက်ရင်ပဲ ကျွန်မ သူငယ်ချင်းကို
ကားရပ်ခိုင်းပြီး မြက်တောထဲ ဆင်းပြေးသွားမိတယ်။

မြက်ခင်းပြင်မှာ
ခြေဆင်းလဲလူထိုင်ရင်း ဆယ်မိနစ်လောက် ငေးကြည့်ခဲ့ဖူးတဲ့သူ။ သူတို့က
ဒီအသက်အရွယ်ထိ ကြောင်တုန်း၊ စိတ်ရူး ပေါက်နေတုန်း ဆိုပြီး ၀ိုင်းဟားကာ သမ
လိုက်ကြတာများ။ ဟင့်အင်း၊ ကျွန်မ မရှက်ပါဘူး။ ကျွန်မက အဲဒီလိုမျိုး
ခပ်ကြောင်ကြောင်ရယ်။ ကြောင်တယ်ဆိုတာ အကောင်းဘက်ကို ဦးတည်ပြီး ပြောတဲ့ စကား
မဟုတ်ပေမယ့် ဒီလို “ကြောင်စိတ်”ကလေးကို ကျွန်မက မြတ်နိုး နေတယ်လေ။
တည်ငြိမ် ရင့်ကျက်ရမယ့် အရွယ် ရောက်နေတဲ့ မိန်းမ တစ်ယောက်ရဲ့ နှလုံးသားမှာ
၁၅-၁၆ နှစ်အရွယ် ပန်းရိုင်းလေး တစ်ယောက်ရဲ့ စိတ်မျိုး ပြာပွဲပြာမှုန် အဖြစ်
မရောက်သေးတဲ့ အတွက် ကျွန်မကိုယ် ကျွန်မ ဂုဏ်ယူနေမိတယ်။

ကျွန်မက
နိဒါန်းတွေ၊ စကားချီးတွေ၊ Intro တွေ လုပ်တာ များနေတယ်။ ကျွန်မ ပြောချင်တဲ့
အကြောင်းက မရောက်နိုင်သေးဘူး။ ကျွန်မက စမိရင် မဆုံးချင်တဲ့သူ။ တစ်ယောက်ကသာ
စကားစပေးလိုက်။ သူ ပြောတဲ့ စကားက တစ်ကြောင်းတည်းရယ်။ နောက် ကျွန်မ
ဆက်ပြောလာတဲ့ စကားက မဆုံးတော့ ဘူးရယ်။ နောက်ဆုံး ခန္ဓာကိုယ်ထဲမှာ
ရှိတဲ့လေတွေ ကုန်တော့မှ ကျွန်မလည်း ရပ်သွားတော့တယ်။ ဘယ်လို ပြောရမလဲ ဆိုရင်
လေပြည့်လို့ ဖောင်းနေတဲ့ မိုးပျံပူဖောင်းကြီး ပေါက်ကွဲတဲ့ အခါ ပျော့စိစိ
ဖြစ်သွားသလိုမျိုး။ ကျွန်မလည်း လေကုန်ပြီး ပျော့လဖတ်ကြီး ဖြစ်သွားရော။
အခုပဲကြည့်လေ၊ကျွန်မ ပြောမယ့် စကားက ပြေးလမ်းပေါ်က ချော်ထွက် သွားနေပြန်ပြီ။

အခု အကြောင်းလေးက ကျွန်မ ၁၅-၁၆ နှစ် ပန်းရိုင်းလေး အရွယ် ကာလတုန်းက
အကြောင်းလေး။ နှစ်ကာလ ကြာလို့ Antique အန်းတစ်ကြီး ဖြစ်သွားပေမယ့် အန်းတစ်
မဟုတ်ပြန်ဘူး။ သိပ်မိုက်တဲ့ Story လေးတစ်ခု၊ သိပ်မိုက်တဲ့ ကျွန်မ အကြောင်း။
မိုက်တယ်ဆိုလို့ ကျွန်မကို သိပ်ဆိုးတယ်လို့ မထင်နဲ့ဦး။ အဲဒီခေတ်
ရေစီးကြောင်းတုန်းက မိုက်တယ်ကွာ၊ သိပ်မိုက်တာပဲဆိုတာ အကောင်းဘက်ကို
ဦးတည်ပြီးပြောနေတဲ့ ဗန်း စကား။ အပြတ် မိုက်တာပဲကွာ ဆိုတာ ရေရေ
လည်လည်လှတယ်။ အရမ်း လှတာပဲကို ဆိုကြ တာလေ။ နေဦး၊ ကျွန်မပြောမှာက ကျွန်မ
သိပ်လှတဲ့ အကြောင်းတွေ မဟုတ်ဘူးနော်။ ကျွန်မ ဖြတ်သန်းခဲ့တဲ့
ခေတ်ရေစီးကြောင်းထဲက လူငယ်လေး တစ်ယောက်ရဲ့ ပန်းရိုင်းပုံရိပ် အပိုင်းအစ
တစ်ခုကို ပြောပြမှာရယ်။

ကျွန်မတို့ နေတဲ့ကျောင်းက မိန်းကလေး
ကျောင်းလေ။ အရင်တုန်းကတော့ ဖာသာတွေ အုပ်ချုပ် သွားတဲ့ကျောင်း။ ကျွန်မ
မမီလိုက်ပါဘူး။ ကျွန်မ ရှေ့ရှေ့က အစ်မကြီးတွေရဲ့ စကားတွေကို နားထောင်ရင်း
သိခဲ့ရတာ။

အမယ်၊ သူတို့ နာမည်တွေက ဘိုနာမည်တွေနဲ့ ပေါင်းစပ်ထားတာ။
ဗိုင်အိုလက်မောင် မောင်တို့၊ ပင်စီမြဒင်တို့၊ ဂရေ့စ်ထွန်းလှအောင် တို့လို
နာမည်မျိုးတွေ။ တော်တော် ရယ်ရတယ်။ မြန်မာ နာမည်နဲ့ ဘိုနာမည်နဲ့ ရောသမ
ထားတော့ ခေါ်ရတာ ကျွန်မဖြင့် ခွတီးခွကျ နိုင်လိုက်တာ ဆိုတာ မပြောပါနဲ့တော့။

အယ်... ဒါပေမဲ့ သိလား။ သူတို့ရဲ့ အင်္ဂလိပ် အသံထွက်တွေကဖြင့် ကျွန်မ ငေးမော
သွားရတဲ့ အထိ ရွှတ်ရှက်၊ ရွှတ်ရှက်နဲ့။ သူတို့ ဆယ်တန်းအောင်တော့
ကိုယ်တက်ခဲ့တဲ့ ကျောင်းမှာ လုပ်အားပေးဆရာမတွေ လာလုပ်ကြတယ်။ (အဲဒီထဲမှာ
နောင်မှာ နာမည်ကြီး မင်းသမီး ဖြစ်သွားတဲ့ သူတွေတောင် ပါလိုက်သေး)
အဲဒီတော့မှ သူတို့ နာမည်တွေကို ရယ်သွမ်း သွေးမိတဲ့ ကိုယ့် ကိုယ်ကိုယ် အပြစ်
တင်နေမိတော့တယ်။

ကြွားပြောတာတော့ မဟုတ်ဘူး။ ကျွန်မတို့ ကျောင်းက
အဲဒီတုန်းက သူဌေးကျောင်းလို့ ပြောဆိုကြတဲ့ အထဲမှာပါတယ်။ ကျွန်မတို့
ခေတ်တုန်းက ကိုယ်ပိုင်ကားတွေက အခုလို လမ်းပေါ်မှာ ဖုန်သလဲတွေလို
များများစားစား ရှိတာမျိုး မဟုတ်ဘူး။ ကျွန်မတို့ ကျောင်းကို လာတက်တဲ့
ကျောင်း သူ ၃ ပုံ ၁ ပုံလောက်က ကိုယ်ပိုင်ကားတွေနဲ့ လာတယ်။ ဖီးယက်တို့၊
မာဇဒါဖယ်မလီယာတို့ ဗောက်ဝက်ဂွန်းတို့ခေတ်။ နောက် ၃ ပုံ ၁ ပုံက
ကျောင်းကားတွေနဲ့ လာတာ။ အခုခေတ်မှာ မြို့သစ်ကို အပို့ခံလိုက်ရတဲ့
သစ်သားကားကြီးတွေ နဲ့လာတာ။ အထဲမှာ သစ်သားတွေနဲ့ ရိုက်ပြီး အပြင် က
သံဘော်ဒီထုထားတဲ့ ကားကြီးတွေလေ။ စစ်ကျန်ဘတ်စ်ကား အိုကြီးတွေပေါ့။


မြို့ပြင် မရောက်ခင် နောက်ဆုံးနေ့ထိ ကျွန်မ သစ်သား ကားအိုကြီးကို
စီးခဲ့သေးတယ်။ ကျွန်မ ဘေးမှာ နိုင်ငံခြားသား အတွဲတစ်တွဲ။ ဟစ်ပီဒီဇိုင်း
မျိုးနဲ့။ သတ္တုကြိုးတွေ ၃-၄ ဆင့် ထပ်ဆွဲလို့။ အဖြူရောင် တီရှပ်အင်္ကျီပေါ်မှာ
အနက်ရောင် စာလုံး Terrorist နဲ့ War တစ်ကြောင်းခြစ် ဖျက်ရာပါ အင်္ကျီ
ကိုယ်စီဝတ်လို့။ ကြည့်ရတာ ကမ္ဘာတစ်ပတ် လျှောက်ပြမလို့နဲ့ တူပါရဲ့။

ကားကြီးက လှုပ်တုပ်၊ လှုပ်တုပ်။ သူတို့ကလည်း တလှုပ်လှုပ်။ သဘောတွေ စွတ်ကျနေ
ကြတယ်။ ချိုင့်ထဲ ၀ုန်းခနဲ ကျသွားတိုင်း၊ ခေါင်မိုး မျက်နှာကြက်နဲ့
မလွတ်လို့ ငုံ့ထားတဲ့ သူတို့ ခေါင်း တွေ အမိုးနဲ့ ၀င်ဆောင့်လိုက်တဲ့
အခါတိုင်း မျက်နှာတွေ ရှုံ့မဲ့သွားပြီး O’ Lord တနေလေရဲ့။ ကျွန်မက
သစ်သားကားကြီး ဇာတ်သိမ်း For Good လုပ်သွားတာကို နှုတ်ဆက်တဲ့ အနေနဲ့
တမင်သက်သက်တက် စီးခဲ့တာ။ Bye Bye Old Bus လို့ နှုတ်ဆက်ပြီး ခွဲခွာခဲ့တာ။
ကျွန်မတို့ နိုင်ငံမှာ ကားသမိုင်းပြတိုက် ရှိရင် သိပ်ကောင်းမှာပဲလို့
တွေးမိလိုက်သေးတယ်။ ဇာတ်လမ်းနဲ့ မဆိုင်ဘဲ ဒီအကြောင်းတွေ ရောက်သွားတာက
ပန်းရိုင်းလေးရဲ့ စိတ်ခံစားမှုမျိုး နှစ်ချို့မိန်းမ တစ်ယောက်ရဲ့ ရင်ထဲမှာ
ကျန်နေ သေးတာကို ပြောပြချင်လို့ပါပဲ။

နောက် ၃ ပုံ ၁ ပုံကတော့
ခြေကျင်လာတဲ့ သူရယ်၊ ဘတ်စ်ကား စီးပြီးလာတဲ့ သူတွေရယ်။ ဘယ်လိုပဲ လာလာ
နောက်ဆုံး ပေါင်းလိုက်ရင် “ဇေ”ပါပဲ။ “ဇေ”တယ်ဆိုတာ Peace ပေါ့။ စဉ်းစား
ကြည့်၊ စက်ဝိုင်းကို ၃ ပုံ ၁ ပုံ အချိုးကျ ပိုင်းလိုက်ရင် Peace ပဲလေ။ ဇေ =
Peace = = ကျွန်မတို့ ခေတ်ရဲ့ ပုံရိပ် သင်္ကေတ တစ်ခု။ ကျွန်မက အရာ
တစ်ခုကို ရှုမြင်ရင် Peace ရအောင် အချိုးချ ကြည့်တယ်။ ဒါကြောင့် ကျွန်မ
ပြောတာပေါ့။ ကျွန်မစိတ်က “ကြောင်စိတ်” လို့။ အခု ကျွန်မ အထက်တန်း
ကျောင်းသူဘ၀က ပျော်စရာ အကြောင်းလေးတွေကို ပြောပြမှာပါ။ အဲဒီမှာ လဲ့ဝင်းကို
ကျွန်မ စတွေ့တာပဲ။


အဲဒီ အချိန်တွေဟာ ကျွန်မရဲ့ကျောင်းသူ ဘ၀မှာ
အပျော်ဆုံး နေ့ရက်တွေပဲ။ ကျွန်မဆိုတဲ့ ပန်းရိုင်းလေးဟာ သွေးခုန်နှုန်းတွေ
ဒီရေတက်သလို တရကြမ်း မြန်နေချိန်။ ကိုယ့်ပတ်ဝန်းကျင် ရှုခင်းသစ်ကို
ဖွင့်ကြည့်လိုက်တဲ့ အချိန်။ အသစ်အဆန်း မှန်သမျှ စိတ်ဝင် စားနေချိန်။
နောက်ပြီး စာအုပ်နဲ့ မျက်နှာကပ်ပြီး စာကြိုးစား နေရတဲ့ အချိန် ကာလ
တစ်ခုပေါ့။ နောက်ပြီး ရည်းစား မထားရ ဘူးဆိုတဲ့ မေမေရဲ့ပညတ်ချက်ကို နားထောင်
နေရတဲ့ အချိန်။

မေမေက ပြောတယ်။ ရည်းစားထားရင် အရူးအမဲသား
ကျွေးလိုက်သလို ဒန့်ဒန့်ဒန့်ဒန့် ဖြစ် သွားမယ်တဲ့။ ရယ်စရာကြီးနော်။
နောက်ပြီး အနာဂတ်ကြီး တစ်ခုလုံး ရေစုန်မျောသွားမယ်ဆို တာလည်း ပါရဲ့။
ဘာတွေမှန်းလဲ မသိပါဘူးနော်။ အရူးကို အမဲသား သွားကျွေးတာနဲ့ ရည်းစားထားတာ
တခြားစီပါ။ ရည်းစားနဲ့ အရူး၊ အရူးနဲ့ ရည်းစား။ ရည်းစားနဲ့ အမဲသား... အား
ခေါင်းရှုပ်တယ်။ ကျွန်မဖြင့် အရူးကိုကြည့်ပြီး ရည်းစားထားချင် စိတ်တောင်
ကုန်ခန်းသွားတယ်။ ဒါနဲ့ပဲ ကျွန်မ မေမေ့ စကားကို မြေ၀ယ်မကျ နားထောင်တဲ့
သမီးကောင်းလေး ဖြစ်သွားတာ ပေါ့။ ၁၅-၁၆ နှစ် မြီးကောင်ပေါက် မလေးရဲ့
နှလုံးသားထဲက အချစ်ရိုင်းလေးတွေနဲ့ပဲ စိတ်ကူး ယဉ်ကြည့်ကာ နေလိုက်တယ်။
Wounderful!

နေ့လယ် မုန့်စားလွှတ်ချိန်မှာ ကျွန်မတို့ အကြိုက်
ချိုချဉ်ငန်စပ် ချဉ်ပေါင်းထုပ်တွေ မြုံ့ လိုက်။ ဆီးသီးချဉ်စပ်ထုပ်
အရည်တွေကို လက်ညှိုးနဲ့ ကော်ပြီး ပါးစပ်ထဲစုပ်လိုက်။ လှေကား ၃ ထစ်ရှိတဲ့
ကော်ရစ်ဒါရဲ့အပေါ်ဆုံး အထစ်မှာ ထိုင်ပြီး သူငယ်ချင်းတွေနဲ့ ဟိုဘက်လှည့်
အာရိုက် လိုက်၊ ဒီဘက်လှည့်တွတ်ထိုးလိုက်။ ခိုးခိုးခစ်ခစ် ရယ်မောလိုက်၊
ဟီးဟီးဟားဟား လက်ခုပ်လက် ၀ါးတီးကာ ဟားတိုက်လိုက်။ ကျောင်းဝင်း အတွင်း
လူးလာခေါက်ပြန် လျှောက်နေကြတဲ့ အဖြူအစိမ်း မိန်းကလေးတွေကို
လိုက်ရှိတ်လိုက်။ ၁၅-၁၆ နှစ်ကောင်မလေးတွေရဲ့ စိတ်ရိုင်းလေပြည်
တိုက်နေချိန်။ အဲဒီ အချိန်မှာ...။

အဲဒီ အချိန်မှာ လဲ့ဝင်း
ကျွန်မတို့ ရှေ့ကို ရောက်လာတယ်။ မိထွန်းက သူ့ကို ပေးခိုင်းလို့ ဆိုပြီး၊
လှေကား ဒုတိယ အထစ်မှာ ထိုင်နေတဲ့ ကေမြိုင်ကို ဗလာစာအုပ် တစ်အုပ်
လှမ်းပေးလိုက်တယ်။ ကျောင်းဆင်ဝင် အုတ်တိုင်ကြီး အကွယ်မှာ မြင်အောင်
ရပ်နေတဲ့ အသားညိုညို ကျောင်းသူ ဘက်ကို “အဲဒါမိထွန်း”လို့ လက်ညှိုး
ထိုးပြတယ်။

ပြီးတော့ မချိုမချဉ် အပြုံးလေးနဲ့ ကျွန်မတို့
တစ်သိုက်ကို ပြုံးပြရင်း လှစ်ခနဲ ပြေးထွက်သွားတယ်။ အဲဒီမှာတင် ကျွန်မ
လဲ့ဝင်းကို ချစ်သွားတာပဲ။ သူ့ရဲ့မခို့တရို့ဟန်လေးကို ကျွန်မ စွဲသွားတယ်။
ကေမြိုင် လက်ထဲက စာလုံးတွေထက် အရပ်ရှည်ရှည် ထဘီဒယဥ့်တိုက်နဲ့ ပြေးသွားတဲ့
လဲ့ဝင်းကိုပဲ ကျွန်မ ငေးနေမိတော့တယ်။

အဲဒီတုန်းက ကောင်လေးတွေရော၊
ကောင်မလေးတွေရော ဒယဥ့်တိုက်ပြီး ၀တ်ကြတာ များတယ်။ ကောင်လေးတွေက ပုဆိုးဒယဥ့်
တိုက်ဆွဲနဲ့၊ လက်တစ်ဖက်က ပုဆိုးစလေးစွန် တောင်ဆွဲကာ။ စတားပေါ့။ ကျွန်မဆို
ထဘီရှည် ရှည်ကြီးပတ်လို့ မေမေ... ပွမ်လို့ မပြီးတော့ဘူး။ အောက်စတွေ ညစ်ပတ်
လွန်းလို့လေ။ ဒါပေမဲ့ ကျွန်မကတော့ ဒယဥ့်ဆွဲမြဲ။ ရှည်လွန်းအားကြီးလို့
တစ်ခါတလေ ကိုယ့်ထဘီ အောက်နားစကို တက် နင်းမိမလို ဖြစ်သေး။ တော်ပါသေးရဲ့။
တစ်ခါတလေ လမ်းလျှောက်ဖန်များရင် အောက်နားက ဖတ်ဖတ်ဖတ်ဖတ်နဲ့ အသံတွေ
ပေးသေးရဲ့။ ကိုယ့် ထဘီစနဲ့ တုပ်ပြီး ဟပ်ထိုးလဲမလို ဖြစ်သွားလို့
စွန်တောင်လေး ဆွဲမိသွားရင် မေမေက ပေါင်တွင်းကြောကို လှမ်းလိမ်ဆွဲ
လိုက်တာများ။ အာလာလာ... နာတယ် မေမေရဲ့။ မိန်းကလေး ဆိုတာ ဖုံးဖုံးဖိဖိလေး
နေရတယ်အေ။ ပွမ်လိုက်၊ ပွက်လိုက်။

အတန်းထဲမှာလည်း တီချယ်မြက
ကျွန်မတို့ ကို ဆူတယ်။ ညည်းတို့ ထဘီတွေ ညစ်ပတ်တယ်။ လမ်းမှာ
ခွေးချေးပုံတွေနဲ့ တိုက်လို့တိုက်မှန်း မသိနဲ့။ နံစော် နေမှာပဲလို့
အခွင့်ကြုံတိုင်း တီချယ်မြက “ကော” တော့တာပါပဲ။ အဲဒီအချိန်မှာ ကျွန်မတို့
ဦးခေါင်းလေးတွေ ဟာ Desk နဲ့ တစ်သားတည်းကို ဖြစ်အောင် ပုထားကြတယ်။
တစ်ယောက်ကို တစ်ယောက် ခိုးကြည့်ပြီး မျက်စတွေ အပြန်အလှန် ပစ်ကြ။ မချိုမချဉ်
ပြုံးကာ အပိုးမသေတဲ့ မျက်နှာတွေနဲ့။ တီချယ်မြ ဆူတာကြိမ်းတာ ၁၅ မိနစ်လောက်
အချိန် ကုန်သွားရင် ကျွန်မတို့မှာ သိပ်ပျော်။

တီချယ်မြ အကြောင်း
ပြောရဦးမယ်။ တီချယ် မြယောက်ျားက တီချယ်မြထက် ငယ်တယ်။ ဆယ်တန်းမှာ သင်္ချာ
ပြပေးရင်း ကြိုက်သွားကြတာ ဆိုပဲ။ တီချယ်မြတို့က သင်္ချာပုစ္ဆာ မတွက်ဘဲ
အချစ်ပုစ္ဆာ သင်နေကြတာကိုး။ ဟီးဟီး ပျော်စရာ ကောင်းမှာပဲနော်။ နောက်ပြီး
ရင်ခုန်စရာ ကောင်းဦးမှာပဲ။ ဘယ်လို နေမလဲ မသိဘူးနော်။
ခံစားကြည့်ချင်လိုက်တာ။

တီချယ်မြ ဆူရင် ကျွန်မက ဒါတွေပဲလျှောက်
တွေးနေတာ။ တီချယ်မြရဲ့ သင်္ချာအချိန်ကျရင် အပိုင်းကိန်းတွေ၊ နှစ်ထပ်ကိန်းတွေ၊
ဆခွဲကိန်း တွေ၊ ဆတိုးကိန်းတွေ၊ ညီမျှခြင်းတွေနေရာမှာ-
အချစ် + အချစ် = တီချယ်မြ ဆယ်တန်းကျောင်းသား
အချစ် တီချယ်မြ+ကျောင်းသား

အချစ်ပုစ္ဆာ တစ်ပုဒ်ရဲ့ အဖြေမှန်ကို ရခဲ့တယ်။ နောက်ပြီး တီချယ်မြက
မျက်ခုံးမွေးနဲ့ ပတ်သက်ပြီး ကျွန်မကို ခဏခဏ ဆူတတ်တယ်။ မျက်ခုံးမွေးတွေ
အကုန်နုတ်ပြီး တစ်ကြောင်း ခြစ်လို့တဲ့။ ဘုရားစူး ကျမ်းစူး အမေပေးတဲ့ အမွေပါ
တီချယ် မြရယ်လို့ တီချယ်မြ ဆူတိုင်း စိတ်ထဲကနေ ပြောနေမိတယ်။

ဆရာ၊
ဆရာမဆိုတာ တပည့်တွေကို ဆူဖို့၊ ကြိမ်းဖို့ အာဏာကုန် လွှဲအပ်ခံထားရလို့
ထင်ပါ ရဲ့လို့ တီချယ်မြရဲ့ အအော်အငေါက် ခံရတိုင်း စိတ်အချဉ် ပေါက်ပြီး
ကျွန်မ လျှောက်တွေး နေလိုက်တယ်။

“နီမိုးကို အားကျလို့ ဟန်နီ ညည်းကမျက်ခုံး မွေးတွေနုတ်ပြီး ဆွဲထားတာပေါ့လေ”

ထပ်တလဲလဲ ဆူခံထားရတဲ့ နီမိုးကိုလည်း အဆစ်ဆွဲ ထည့်ဆူလိုက်သေးတယ်။
တီချယ်မြတို့ များ ဆူမှ ဆူတတ်ပါလေရဲ့။ အိမ်မှာ တီချယ်မြရဲ့
ကျောင်းသားကြီးလည်း အီဆလံ ဝေနေမှာပဲလို့ မဆီမဆိုင် သွားတွေးမိပြီး သနား
နေလိုက်သေးတယ်။

တစ်ခါမှာတော့ ရယ်စရာ အဖြစ်အပျက် ကလေးတစ်ခု ကျွန်မတို့ အတန်းထဲမှာ ဖြစ်သွားသေးတယ်။ ထုံးစံအတိုင်း မျက်ခုံးမွေး ကိစ္စပေါ့။

“မေမေ့ ဗိုက်ထဲက ကမန်းကတန်း ထွက်လာရလို့ ဟန်နီ မျက်ခုံးမွေး အင်္ဂါမစုံ
ဖြစ်ပြီး ပါသွား တာပါ တီချယ်”လို့ ကျွန်မ ပြန်ပြောတုန်းက တီချယ်မြကြီး ပထမ
တအံ့တသြဖြစ်သွားတယ်။ သူ့ကို ပြန်ပြောလို့ မျက်စိမျက်ဆန်တွေ ပြူးထွက်လာတယ်။
အတန်းသားတွေထံက ကျိတ်ရယ်သံတွေ ဟိုနေ ရာ ဒီနေရာက ထွက်လာကြတယ်။ တီချယ်မြက
မျက်နှာထား တင်းတင်းနဲ့ တစ်တန်းလုံးကို မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်တော့
အားလုံး ခေါင်းလေးတွေ ပုကုန်ပြီး အသံတွေ တိတ်သွား ကြတယ်။ တီချယ်မြ
မျက်နှာကြီးက စူလို့ရယ်။

“စကားကို ဝေ့လည်ကြောင်ပတ် မလုပ်နဲ့ ဟန်နီ၊ ညည်းမျက်ခုံးမွေးတွေ နုတ်ပြီး တစ်ကြောင်းတည်း ဆွဲထားတာလားလို့ တီချယ် မေးနေတာ”

အဲဒီခေတ်တုန်းက မျက်ခုံးမွေးတွေ ပြောင်စင်အောင် နုတ်ပြီး အညိုရောင်
ခဲသားနဲ့ တစ်ကြောင်း ဆွဲတဲ့ ဒီဇိုင်း ဟော့နေချိန်။ ကျွန်မတို့ ကျောင်းမှာ
နီမိုး အပါအ၀င် ကျောင်းသူလေး-ငါးယောက် ဦးဆုံးဖက်ရှင် ထွင်လာတယ် ထင်ပါရဲ့။
နီမိုးက အသားဖြူဖြူလေးရယ်။ သူ့နဂိုဆံပင်က ညိုညို ဖျော့လေးရယ်။ ပခုံးပေါ်ကို
အကောက်လေးတွေ က ခပ်ပြေပြေ ဖွာကျနေတာ။ အရပ်ကလည်း ရှည်တော့ သူ့ပုံစံက
အမိုက်စားလေး။

“တီချယ်က လူမှားဆူနေတာ။ ဒီကိစ္စက မေမေ့ကို ဆူရမှာ”
လို့ ကျွန်မကလည်း ပြောလိုက်ရော တစ်တန်းလုံး ၀ိုင်းရယ် လိုက်ကြတာများ
အုန်းအုန်းထ လို့ရယ်။ တီချယ်မြက ကြိမ်လုံးကို စားပွဲပေါ် ဗြန်းဗြန်း
မြည်အောင်ရိုက်ချရင်း။

“အားလုံးတိတ်စမ်း၊ ဟန်နီ ညည်းတီချယ်ဆီ လာခဲ့”
လို့ လှမ်းခေါ်လိုက်တယ်။

ကျွန်မလည်း အပိုးမသေတဲ့ မချိုမချဉ် မျက်နှာနဲ့ နောက်ဆုံးတန်း
နောက်ဆုံးခုံကနေ ထလာခဲ့တယ်။ ကေမြိုင်နဲ့ နီမိုးတို့ဘက်ကို
ပေစောင်းစောင်းနဲ့ လှမ်းကြည့်လိုက်တယ်။ ကေမြိုင်က Desk နဲ့ မျက်နှာကပ်
သွားတဲ့အထိ ကိုယ်ကို ကုန်းပြီး လက်ညှိုးနဲ့ လက်ခလယ် ဗွီ(V) ပုံသဏ္ဌာန်
ထောင်ပြတယ်။

Peace ဟန်နီ။ တီချယ်မြက မျက်မှန်ထူထူကြီး နောက်ကနေ
ကျွန်မ မျက်နှာနား ကပ်ပြီး ပြူးကြည့် နေလိုက်တာ များ... အို ကျွန်မ
မနေတတ်တော့ဘူးရယ်။ ရှိန်းတိန်းတိန်းတွေ ဖိန်းတိန်းတိန်းတွေ ဖြစ်လာကုန်ရော။
လဲ့ဝင်း စိုက်ကြည့်ရင်တောင် ကျွန်မ မနေတတ်ဘူးရယ်။ ဒါနဲ့ပဲ မျက်လုံးကို
အစွမ်းကုန် မှိတ်ပစ် လိုက်တော့တယ်။ တီချယ်မြက ဒီလောက်နဲ့ မပြီးသေးဘူး။
သူ့လက်ညှိုးနဲ့ ကျွန်မရဲ့ မျက်ခုံးမွေးကို ဖျက်နေလိုက်တာ မပြီးတော့ဘူး။
ကျွန်မလည်း ဘာရမလဲ။ “အား” လို့ အော်ချ လိုက်တော့တာပေါ့။
လက်ညှိုးတန်းလန်းနဲ့ တီချယ်မြ အထိတ်တလန့် ဖြစ်သွားတယ်။

“ဘာဖြစ်တာလဲ ဟန်နီ”

“တီချယ်က လက်ညှိုးနဲ့ အတင်း ပွတ်နေတော့ ဟန်နီ အရမ်း နာတာပဲ တီချယ်”

ကျွန်မက ညောင်နာနာ အသံလေးနဲ့-
“တီချယ်၊ ဒါမေမေ အမွေပေးထားတဲ့ ပစ္စည်း အစစ်ပါ”
လို့ ဆက်ပြောလိုက်ရော တီချယ်မြ မျက်နှာကြီးကို မြင်စေချင်လိုက်တာ ရှင်။
အံကြီးကြိတ်ပြီး ရယ်ချင်စိတ်ကို ချုပ်တည်းထားတဲ့ ပုံကြီးက ရယ်စရာကြီး။

“သွား၊ ကိုယ့်နေရာ ကိုယ်သွားထိုင်”
ကေမြိုင်နဲ့သီစံတို့ ခုံနှစ်ခုကြား အလယ်တန်းက လျှောက်လာခဲ့တယ်။ ကေမြိုင်က ဗလာစာအုပ် အလယ်ကောင် စာမျက်နှာကို ကျွန်မဘက် ဖြန့်ပြတယ်။

“စောခီး ဖြောခီး ဟန်နီ”

စဖြီး ဟန်နီတဲ့။ သီစံက မျက်ရည်စက် ကြီးကြီးတွေ ကျနေတဲ့ Smile
ပုံသေးလေးလေး ဆွဲထားတဲ့ ပုံအောက်မှာ စာလုံးကြီးကြီးတွေ ရေးထားတဲ့ စာရွက်ကို
ထိုးပေးတယ်။ Smile Cry Honey. သူတို့ နောက်ခုံမှာ ထိုင်နေတဲ့ နီမိုးက
Jolly Sorry Honey စာပါ မျက်ခုံးမွေး တစ်ကြောင်းခြစ် ကျွန်မ
ရုပ်ပြောင်ပုံပါ စာရွက်ပိုင်းလေး လှမ်းပေးတယ်။

ဒီအကြောင်းကို
ကျွန်မ ပြောပြလိုက်တော့ လဲ့ဝင်းရယ်... ရယ်လိုက်တာများ သူ့ကိုယ်ခန္ဓာထဲက
ကလီစာတွေတောင် ကျွန်မ လှမ်းမြင်ရတယ်၊ တကယ်။ ခန္ဓာကိုယ် ပိန်ရှည်ရှည်လေးက
လေတိုက်ရင် လှုပ်ယမ်းနေတဲ့ ကိုင်းပင်လေးလိုပဲ။ ရှေ့ဘက်ကို ထိုးကျလာလိုက်၊
နောက်ဘက်ကို လန်ကျ သွားလိုက်။

၁၅-၁၆ နှစ် မြီးကောင်ပေါက်လေး
နှစ်ယောက်ရဲ့ သံစဉ် ဂီတကြောင့် လိပ်ပြာလေးတွေတောင် တောင်ပံတဖျပ်ဖျပ်
ခတ်ပြီး ကောင်းချီး ပေးနေလေရဲ့။ အဲဒီနေရာက ကျောင်းအားကစား ကွင်းကြီးလေ။ PT
ချိန်ဆို အဲဒီ ဟာလာ ဟင်းလင်းပြင်ထဲမှာ ၁.၂.၃.၄.၅.၆.၇.၈ အော်ပြီး
ကာယလေ့ကျင့်ခန်း လာလုပ်ကြတာ။

ကြုံလို့ ကျွန်မ ပြောလိုက်ရဦးမယ်။
ကျွန်မတို့ ခေတ်တုန်းက Sex တို့ Sexy တို့လို စကားလုံးမျိုးကို မိန်းကလေး
ပါးစပ်က တော်ရုံ မထွက်ရဲကြဘူး။ အဲဒီလို ပြောမိလို့ကတော့၊ ဟ... ရဲတင်း
လှချေလား။ ဘယ်လို ကောင်မလေး ပါလိမ့်ဆိုပြီး အကြည့်ခံရမှာ သေချာတယ်။
ဂေါ်လီမလေးနဲ့တူပါရဲ့ဆိုပြီး သမုတ်ခံရမှာ ကျိန်းသေတယ်။ Attraction
ရှိတယ်လို့၊ Charming ဖြစ်တယ် လို့ပဲ သုံးကြတာများတယ်။


လဲ့ဝင်းနဲ့ကျွန်မက ကိုယ့်ရင်ထဲကခံစားချက်တွေကို ဗလာစာအုပ်တစ် အုပ်
သီးသန့်ထားပြီး နေ့စဉ်စာတွေ အပြန်အလှန်ရေးကြတယ်။ “Chemistry တို့ Zoology
တို့ကို ကျောက်သင်ပုန်းတစ်ချပ်ပေါ်မှာ ကျောက်တံနဲ့ ရေးကျက် နေရတာထက်
လဲ့ဝင်းဟန်နီရဲ့ Letter တွေ ရေးရတာ ပိုစိတ်ပါတယ်။ “Chemistry ကျက်ရတာ
ခေါင်းစားတယ်။ Zoology ဖတ်ရတာ ပျင်းတယ်ကွာ”ဆိုတဲ့
ခံစားမှုမျိုးတွေလည်းပါရဲ့။ လဲ့ဝင်းက စာရေးကောင်းတယ်။ ဟန်နီက
လူတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဆိုတဲ့ စကားနာ ထိုးတဲ့ အရေးအသားမျိုး။

“ဟန်နီ၊ ဒီနေ့ ဘာဖြစ်နေတာလဲကွာ။ မျက်နှာကြီးကလည်း စူလို့။
မျောက်ဖင်နီကြီးနဲ့ အမျိုး တော်လားဟင်။ ပြုံးပြုံးလေးနေနော်” ဆိုတဲ့
စိတ်ကြည်နူးစရာ အရေးအသားမျိုးမှာ သိပ်တော်။ သူရေးတဲ့ စာလေးတွေ ဖတ်ရရင်
စတော်ဘယ်ရီ အနံ့သင်းနေတဲ့ လိမ္မော်သီး ချိုချိုကို စားရသလိုပဲ အေးမြချိုသင်း
မွှေးပျံ့လို့။

ကျွန်မတို့ နှစ်ယောက်ရဲ့ Letter စာအုပ်ကို လဲ့ဝင်းက
အဖုံး လှလှလေး ဖုံးပေးထားတယ်။ ဂျပန် မင်းသားနဲ့ မင်းသမီးပုံ။ မိုးရေထဲမှာ
အဖြူရောင် ထီးအကြည်လေးကို ဆောင်းပြီး တစ်ယောက်ကို တစ်ယောက် ကြည် ကြည်နူးနူး
ပြုံးပြီး ကြည့်နေကြတဲ့ပုံ။ အပြတ်မိုက်တယ်။ ဒါ ဟန်နီနဲ့ လဲ့ဝင်း။

လဲ့ဝင်းက သူ့ထုံးစံအတိုင်း မချိုမချဉ် အပြုံးနဲ့ ကြည့်ရင်း ကျွန်မကို ပြောတယ်။
“ဟန်နီက လဲ့ဝင်းကို စာပေးတာဆိုတော့ ဟန်နီက ယောက်ျား”

“ဟင့်အင်း၊ လဲ့ဝင်းက ကောင်လေး။ ဟန်နီက ကောင်မလေး”

“ဟင့်အင်း၊ ဟန်နီက ကောင်လေး”

“ဟုတ်ဘူးကွာ၊ လဲ့ဝင်းရော၊ ဟန်နီရော ကောင်မလေး စစ်စစ်တွေ။ ဟား ဟား တကယ် ရယ်ရတာပဲကွာ”

တစ်ယောက်တစ်ပြန် ငြင်းရင်းခုံရင်း ကျွန်မတို့ နှစ်ယောက်စလုံး ပကတိ
အခြေအနေမှန်ကို လက်ခံကြတယ်။ တီချယ်ရို့စ် စာသင်ချိန်မှာ ပါးစပ်နား
လက်ညှိုးထောင်ပြီး Teacher, Please may I go out လို့ခွင့်တောင်းပြီး Bath
Room ၀င်သလိုလိုနဲ့ အတန်း လစ်တတ်သေးတယ်။ လဲ့ဝင်း အတန်းရှေ့ မှာ
မယောင်မလည်နဲ့ လူလုံးသွားပြတယ်။ ဒါမှ မဟုတ်လည်း တစ်ထောင့် တစ်ကွယ်ကနေ
ဟန်အမူအရာနဲ့ အပြင်ကို ထွက်လာခိုင်းတယ်။ လဲ့ဝင်းကလည်း ဆရာမ မမြင်အောင်
ခဏနေဦး ဆိုပြီး လက်ကာပြလိုက်၊ လာမယ်လို့ ခေါင်းညိတ်ပြလိုက်။ အဲဒီ အခါများ
လဲ့ဝင်းခေါင်းလေးဟာ ဟိုဘက်လှည့်လိုက်၊ ဒီဘက် ကြည့်လိုက်နဲ့၊ အစာ ကောက်နေတဲ့
စာကလေး ဦးခေါင်းလို နေရာမရ ဖြစ်လို့ရယ်။

ကျွန်မတို့ ကကြီးရေက
စာအံနေကတည်းက မာသာတွေ သင်္ချိုင်းကို သရဲခြောက်တယ် ဆိုပြီး မသွားဝံ့ မလာဝံ့
ဖြစ်နေကြတာ။ ကြောက်အောင် ခြောက်ထားရင် ကြောက်နေကြတာပါပဲ လေ။ အမြင်လေး
နည်းနည်း ကျယ်လာမှ ခြောက်ခံထားရလို့ ကြောက်နေတာကို စိစစ် တတ်လာတော့တယ်။

မာသာသင်္ချိုင်းကိုဝင်တဲ့ မြေသားလမ်းလေး ရဲ့ တစ်ဖက်တစ်ချက်မှာ
ပန်းခင်းတွေချည်းပဲ။ သိပ်လှတာပဲ။ ဒေလီယာ၊ ဒေစီ၊ သင်္ဘောမညှိုး ရောင်စုံနဲ့
ဇော်မွှားပင်တွေ။ Bluebell ခေါ်တဲ့ ခေါင်းလောင်းပြာ ပန်းတွေကလည်း တစ်မျိုးလေး
လှတာပဲ။ ပန်းချဉ်ပေါင်လို့ ခေါ်တဲ့ Hollyhock နဲ့ ခေါင်ရန်းပင်တွေ၊ အိုး...
အပွင့်တွေက ငွားငွား စွင့်စွင့်ကြီး။ ချစ်စရာကြီး။ ခေါင်ရန်း ပန်းအ၀ါ
ပွင့်တွေက-
“လာကြလော့... လာကြလော့။ မာသာ သင်္ချိုင်းမြေဆီ လာကြလော့”
ဆိုနေသည့်နှယ်။

အဲဒီလို ကျွန်မ စတိုင်း လဲ့ဝင်းက-
“ဟန်နီက သိပ်ပြောင်တာပဲ မကောင်းဘူး သွား”
လို့ မညီမညာ ပေါက်နေတဲ့ သူ့သွားတွေကို အစွမ်းကုန် ဖွင့်ပြရင်း ကျွန်မ
ပခုံးကို တွန်းထုတ် တတ်တယ်။ Ivy တိုက်ကပ်နွယ်ပင်တွေက သင်္ချိုင်း မျက်နှာစာကို
နွယ်လို့။ သင်္ချိုင်းအ၀င် တစ်ဖက် တစ်ချက်မှာ အသည်းကွဲရောင်နဲ့ အဖြူရောင်
စက္ကူပန်းရုံကြီးက အကာအကွယ် ဒိုင်းတစ်ခု။ ရယ်စရာ ပြောရဦးမယ်။ မာသာ
သင်္ချိုင်းနဲ့ ကပ်နေတဲ့ အဆောင်က ဖျားနာဆောင်တဲ့။ ကြံကြံဖန်ဖန် စိတ်ကူး
ကောင်းပေရဲ့လို့ လဲ့ဝင်းနဲ့ ကျွန်မမှာ ပြောပြောပြီး ဟားကြ၊ တဟားဟား
ရယ်မောပြီး ပြောကြနဲ့။

အဲဒီနေ့က အကြောင်းကို ပြန်ပြောရရင် အခုထက်ထိ
ရင်တုန်ပန်းတုန် ဖြစ်နေဆဲပဲ။ အဖြူ ရောင်စက္ကူ ပန်းရုံကြီးအောက်
တိုးဝင်ထိုင်ပြီး စကား ပြောနေကြတာ။ ကျွန်မတို့ နှစ်ယောက် ပြောတာတွေဟာ
ဘာညာကွိကွ အများကြီးရယ်။ လဲ့ဝင်းက ဟန်နီကို သတိရလို့ လက်ဖက်သုပ်တွေ စားပြီး
တစ်ညလုံး မျက်စိ ကြောင်နေတာရော၊ ဆွေမျိုး ဉာတကာတွေနဲ့ ပတ်သက်ပြီး အဖေနဲ့
အမေ နောင်ဂျိန်ပလေး ကြတာရော၊ မောင်လေးနဲ့ မုန့်အဝေ မတည့်လို့
ရန်ဖြစ်ကြတာရော စုံလို့ပါပဲ။

ကျွန်မကလည်း ထမင်းစားရင်လည်း
လဲ့ဝင်းပေါ်၊ ရေချိုးရင်လည်း လဲ့ဝင်းပေါ်၊ စာကျက်ရင်းလည်း လဲ့ဝင်းပေါ်...
လဲ့ဝင်း တပေါ်ပေါ် ဖြစ်နေလို့ အိပ်ရာထဲ ခေါင်းထိုးဝင် အိပ်လိုက် ရတဲ့
အကြောင်းပြောတော့ လဲ့ဝင်းရယ် သဘောတွေ ကျလို့ တဟီးဟီးရယ်။


“နောက်ပြီး ဟန်နီတို့ နားမှာ ကရင်သင်္ချိုင်း အဟောင်းကြီး ရှိတယ်။ အဲဒီ
သင်္ချိုင်းကြီးဘေးမှာ လာရောင်းတဲ့ အီကြာကွေးက အရမ်း ကောင်းတာပဲ သိလား
လဲ့ဝင်း”
လို့ ဆိုင်တာရော၊ မဆိုင်တာရော ထည့်ပြောတာပဲ။
လဲ့ဝင်းက မျက်နှာ ရှုံ့ပြတယ်။
“ဆိုင်နာမည်က ၂၀ ရာစု အီကြာကွေးတဲ့။ မြင်နေကျ အီကြာကွေးလို သေးလေးကွေးကွေး
မဟုတ်ဘူး။ ၂၀ ကျော်ဘွဲ့ရ လူငယ်တွေ စုပြီး အီကြာကွေးဆိုင် လာဖွင့်တာ မောင်။
လာအား ပေးတာ ကောင်မလေးတွေ များတယ် လဲ့ဝင်းရဲ့”

၂၀ ရာစု
အီကြာကွေးဆိုတဲ့ နဖူးစည်း အကြီးကြီး တပ်လို့။ မီးချောင်း ၄-၅
ချောင်းဆင်ပြီး မီးတွေ လင်းထိန်နေအောင် ထွန်းထားတာများ ကရင်သင်္ချိုင်း
ကမူလေးပေါ်က အုတ်ဂူ အပျက်တွေတောင် မြင်ရတယ်။ ၂၀ ရာစု လူငယ်တွေ ညီညွတ်ပုံ၊
အလုပ် မရွေးပုံကို ကျွန်မတို့ ရပ်ကွက်မှာ ပြောစမှတ် ပြုကြတယ်။
ချီးကျူးကြတယ်။

“လဲ့ဝင်း... သူတို့ကလေ စိုင်းထီးဆိုင်ရဲ့
မောင့်လပြည့်ဝန်းကို သိပ်ကြိုက်ပုံရတယ်။ ဆိုင်ဖွင့်ချိန် ည ၇ နာရီက ၉
နာရီကြားမှာ စိုင်း ထီးဆိုင်ရဲ့သီချင်းတွေပဲ ဖွင့်တာကွ။ နေ့တိုင်း လည်း
မောင့်လပြည့်ဝန်း ဖွင့်တယ်။ ၂၀ ရာစု အီကြာကွေးကိုဆို ကောင်မလေးတွေ အားပေး
လိုက်ကြတာများကွာ။ အီကြာကွေးကပဲ ကောင်းလို့လား။ ဒါမှမဟုတ်
မောင့်လပြည့်ဝန်းကို ဖွင့်လို့ပဲ အီကြာကွေးကို လာဝယ်ကြတာလား။ ဒါမှမဟုတ်
အီကြာကွေး ကောင်းတာကော၊ မောင့်လပြည့်ဝန်းကို ကြိုက်တာကောကြောင့် လားတော့
မသိဘူး”
လို့ ကျွန်မက ပြောတော့...

“ဟာ... ဘာကြီးမှန်းလဲ
မသိဘူးကွာ။ မောင့်လပြည့်ဝန်းနဲ့ အီကြာကွေးကြီးက တခြားစီပါ ဟန်နီရာ၊ ဟန်နီ
ပြောတာနဲ့တောင် မောင့်လပြည့်ဝန်း နားထောင်ရမှာ ဖီလင် အောက်လိုက်တာ”

လို့ လဲ့ဝင်းက မျက်နှာစူစူနဲ့ ပြောတယ်။ ပြောလို့ပြောတာ မဟုတ်ဘူး။ ကျွန်မ
အခုချိန်ထိ မောင့်လပြည့်ဝန်း သီချင်းကြားတိုင်း ၂၀ ရာစု အီကြာကွေးကို
သွားသွား အမှတ်ရမိတယ်။ ဘယ်လိုက ဘယ်လို ဓာတ်သက်ပါ သွားလဲတော့ မသိပါဘူး။

“လဲ့ဝင်းမှ ၂၀ ရာစု အီကြာကွေးကို မစားဖူးဘဲကိုး။ စားဖူးရင် ဒီလို ပြောမှာ မဟုတ်ဘူး”
လို့ ကျွန်မက အရိုးခံ စိတ်နဲ့ ပြောမိလိုက်ရင်ပဲ-
“သွား... ဟန်နီစုတ်၊ မကောင်းဘူး” တဲ့။

လဲ့ဝင်း ဘာတွေ အတွေးချော်နေလဲ မသိဘူးနော်။ အရမ်း ရယ်ရတာပဲ။ အဲဒီ အချိန်မှာ
ခြေသံ တဖျပ်ဖျပ်ကို စကြား လိုက်ရတော့တာပါပဲ။ ပထမ မာသာတွေ သင်္ချိုင်းဘက်က
လာတဲ့ ခြေသံလို့ ထင်ပြီး နှစ်ယောက်သား နားတွေ စွင့်လို့။ လူမမြင်ရဘဲ
ခြေသံပဲ ကြားနေရတော့ သရဲ လာခြောက်တာ ထင်ပြီး လက်ဖျား ခြေဖျားတွေ
အေးစက်သွားတယ်။ တစ်ယောက်လက် တစ်ယောက် ဆုပ်ကိုင်ပြီး ပန်းရုံအောက်မှာ
ဆောင့်ကြောင့် ထိုင်လို့ရယ်။ နောက်တော့မှ ခြေသံက ပုလဲဆောင်ဘက်က လာတဲ့ အသံ။
လမ်းလျှောက်တာ မြန်မှမြန်။ “ရုံးခန်းကို သွားကြ။ ဒီဘက်ကို မင်းတို့
လိုက်လာစရာ မလိုဘူး”

ဒီအသံကို ကြားလိုက်ရင်ပဲ လဲ့ဝင်းနဲ့ ကျွန်မ တိုင်ပင် ထားသလို ပြိုင်တူ ထွက်သွားကြတယ်။
“တီချယ်ဂျက်”

လက်ထဲက ကြိမ်လုံးကို လေထဲမှာ တရွှမ်းရွှမ်း ရိုက်ရင်း မာသာတွေ
သင်္ချိုင်းဘက်ကို ခြေလှမ်း ကျဲကျဲနဲ့ လှမ်းလာတဲ့ တီချယ်ဂျက်ကို မြင်လိုက်
ရင်ပဲ ကျွန်မတို့ နှစ်ယောက်စလုံး ဒူးတွေ တဆတ်ဆတ် တုန်ကုန်နေပြီ။ တီ
ချယ်ဂျက်က သိပ် Strict ဖြစ်တာ။ တီချယ်ဂျက်ရဲ့ အရိပ်အယောင်ကို မမြင်ရ
သေးဘဲနဲ့တောင် ရွှမ်းရွှမ်းအသံကို ကြားရရင်ပဲ လက်ချောင်းတွေ ကွေးလိုက်
ဆန့်လိုက် လုပ်တဲ့သူနဲ့၊ ကျောကော့ သွားတဲ့သူနဲ့၊ တင်ပါးလေး ရှုံ့သွားတဲ့
သူနဲ့။ Blare Glare တီချယ်ဂျက်။

ဒါပေမဲ့ ကျွန်မတို့ အတန်းလစ်တဲ့
ကျောင်းသူတွေကလည်း မခေရေးချ မခေ အစားထဲက။ တီချယ်ဂျက် ရိုက်တော့မယ် ဆိုရင်
ကျောင်းလုံချည် စိမ်းလေးကို နောက်ဘက်ကို ခပ်ဖွဖွလေး ပွလိုက်မယ်။ တင်ပါး
နှစ်ဖက်ကို အစွမ်းကုန်ရှုံ့၊ လက်ကလေးနှစ်ဖက်ကို ပိုက်ပြီး ခန္ဓာကိုယ်ကို
အတတ်နိုင်ဆုံး ရှေ့ကို ပစ်ထားလိုက်မယ်။ တီချယ်ဂျက်လည်း ကြိမ်လုံးနဲ့
ရိုက်လိုက်ရော အသားကိုထိတဲ့ ဖြန်းခနဲ အသံ မထွက်ဘဲ ဖောင်းဆိုတဲ့ အသံပဲ
ထွက်လာတော့မယ်။ လှန်ပြီး ရိုက်မှာနော်လို့ ပြောလိုက်ရင် အားလုံး
မျက်နှာပိုး သေနေလိုက်မယ်။ အဲဒီအခါ ကျရင် မရှုံ့မတွန့် မကော့ဘဲ
တောင့်တောင့်ကြီးသာ ခံပေတော့။

အိမ်ရောက်လို့ ရေချိုးတာနဲ့
ကြိမ်စကြာရဲ့အစွမ်းက ပြလာပြီ။ ရေချိုးခန်း ထဲက ဒရောသောပါး ပြေးထွက်လာပြီ။
တင်ချာကိုဂွမ်းနဲ့ ရွှဲရွှဲစိုဆွတ်ပြီး အရှိုးရာ တွေပေါ် ဖိလိုက်တာနဲ့...
အား.... စပ်တယ်၊ စပ်တယ်၊ အလာလာ... အိုး... အိုး။ အမယ်လေး စပ်လိုက်တာ
အာမေဍိတ် မျိုးစုံ ရွတ်ပြီးမှ ဟင်းခနဲ သက်ပြင်းရှည်ကြီး ချနိုင်တော့တယ်။
ဒီလို အရသာမျိုးက တစ်မျိုးပဲလေ။ Dear Fear အရသာ။

ဒီတစ်ခါမှာတော့
တီချယ်ဂျက်က အတန်းလစ်တဲ့ သူတွေကို ကြိမ်စကြာ မဖြန့်ဘဲ ပျော့ပျော့လေးနဲ့
နှံတော့တာပါပဲ။ တစ်လလုံးလုံး ဒဏ်ပေးတော့တာ ပါပဲ။ မုန့်စားဆင်းချိန် ၄၅
မိနစ်လုံးလုံး Free မပေးတော့ဘဲ Busy ဖြစ်အောင် လုပ်လိုက်တာပဲ။ ကျောင်းဝင်း
အတွင်းက အမှိုက်တွေ လိုက်ကောက်ရတယ်။ ကျောင်းအားကစား ကွင်းမှာ မြက်ပင်တွေ
နုတ်ရတယ်။ ဆရာမတွေရဲ့နားနေခန်းမှာ နေ့စဉ် တံမြက်စည်း သွားလှည်းရတယ်။
ကျွန်မတို့ လစ်လို့ မရတော့ဘူး။ လုံးဝပဲ။ မုန့်စားဆင်း Bell မြည်တာနဲ့
တစ်စက္ကန့်တောင် နောက်မကျရဘူး။ ဒသမတန်း အားလုံးရဲ့ ခေါင်းဆောင်
ခရစ္စတင်းမြမောင်ရဲ့ မျက်နှာပြဲပြဲ ကြီးက A,B,C,D,E,F အတန်းတွေရဲ့
အခန်းဝရှေ့ မှာ ပေါ်လာတော့တာပါပဲ။

အခန်းပေါက်ဝ ထိပ်ကနေ-
“အတန်းလစ်တဲ့ သူတွေ ရုံးခန်းကို ခုချက် ချင်းလာခဲ့ပါ။ သန့်ရှင်းရေး၊ သန့်ရှင်းရေး... ဟီး... ဟီး”

အသံပြဲပြဲပြဲပြဲနဲ့ အော်ပါလိမ့်မယ်။ ကြား ရသူအပေါင်းက ရယ်ဖြဲဖြဲ၊
ပြုံးစိစိတွေနဲ့ ဒဏ်ပေး ခံရသူတွေကို လှမ်းကြည့်လိုက်တာများ ကြယ်ပွင့်
လေးတွေလိုပဲ မျက်လုံးတွေက လင်းလက် ပြိုးပြက်လို့။ တချို့ မရွှေကဲကဲတွေက
ခရစ္စတင်း အော်သံလည်း ဆုံးရော တစ်ယောက်ပြီး တစ်ယောက် ဆက်အော် ...အော်၊
အော်... အထဲက ကလီစာတွေ ထွက်ကျအောင် အော်ကြပါလိမ့်မယ်။ ဒဏ်ပေး ခံရသူတွေက
မျက်စောင်းတခဲခဲ အံတကြိတ်ကြိတ်နဲ့ ထိုင်ခုံက မထချင် ထချင်နဲ့ ထလာရတော့တယ်။
ခရစ္စတင်းလည်း ပြုံးဖြဲဖြဲနဲ့။ ပျားတုပ် ပါစေတော်။

သူ့မှာလည်း ACT
ရှိတာပဲ။ သူ့အချစ်တော်က ဆယ်တန်းကို ဒီ ၅ လုံးနဲ့ အောင်သွားတော့ သူ့ခမျာ
ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ပြီး ငေါင်နေတာ။ ဒါတောင် သူက ကျွန်မတို့ E
တန်းက ခွာညိုသင်းနဲ့ အီစီကလီ လုပ်နေတာ မသိဘူးများ မှတ်နေလား။ အခုပဲ
ကြည့်ဦးလေ။ F တန်းကို မကူးသေးဘဲ ခွာညိုသင်း အနား သွားထိုင်နေတယ်။ ကျွန်မက
ရုံးခန်းကို မသွားသေးဘဲ ပေစောင်းပေစောင်းနဲ့ ခရစ္စတင်းကို ကြည့်လိုက်တယ်။

အမယ် သူက-
“E အတန်းက ဘူ ထွက်” တဲ့။

ကျွန်မကလည်း ဘယ်ခံမလဲ။
“နင်လည်း ဘာထူးလဲ၊ တောင်နှစ်လုံးကြားက ဘူတာပဲ”
လို့ ကုန်းအော်ပြီး ကသောကမျော ပြေးထွက် လာခဲ့တယ်။ ဒါတောင် ခရစ္စတင်း
မျက်နှာနဲ့ လိုက်တဲ့ အသံပြဲပြဲက နားထဲ လက်ညှိုးထိုးထည့် ထားတာတောင်
ရသမျှနေရာ အကြားအလပ်ကနေ နားထဲကို ပြေးဝင် လာသေးတယ်။

“နင်က ပိတ်နေတဲ့ဘူ၊ ငါက ပွင့်သွားတဲ့ဘူ၊ ဟန်နီ အစုတ်ပလုပ်မရဲ့ ဟီး ဟီး”

အချင်းချင်း အတူတူ တွဲမကျရအောင် တီချယ်ဂျက်က နေရာ ခွဲထားသေးတယ်။ ကျွန်မက
အားကစား ကွင်းမှာ မြက်နုတ်ရရင်၊ လဲ့ဝင်းက ဖာသာ သင်္ချိုင်းမှာ။ ကျွန်မက ဖျားနာ
ဆောင်မှာ သန့်ရှင်းရေး လုပ်ရရင် လဲ့ဝင်းက ရုံးခန်းမှာ။

ကေမြိုင်၊
မီထွန်းနဲ့ နီမိုးတို့ သုံးယောက် ကျွန်မဆီ လိုက်လာကြတယ်။ မျက်နှာတွေက
အပိုးမကျိုး တဲ့ရုပ်တွေ။ တီချယ်ဂျက်က Round လှည့်ပြီး စစ်ဆေးရေးဝင်သေးတယ်။
ကံကောင်း ထောက်မပြီး တီချယ်ဂျက်ရဲ့မျက်စိအောက်က သီသီလေး လွတ်သွားတဲ့
ကေမြိုင်နဲ့ မီထွန်းတို့ အတွဲကို မြင်ရင်ပဲ ဒေါသတွေက မီးခိုးငွေ့လို
အူတက်လာတယ်။ ခဏနေရင် တဟီးဟီးနဲ့ ရယ်ချတော့တာပါပဲ။ “ဟိတ်၊ ဟန်နီ၊ ငါတို့က
လာအားပေးတာနော်။ ရေခဲသုပ် ၀ယ်လာတယ်။ မြက်ပင်တွေ စင်အောင် နုတ်နော်”

နီမိုးက သူ့နောက်မှာ ၀ှက်ထားတဲ့ စာရွက်လွတ်ကို ထောင်ပြတယ်။ Dizzy Fizzy
Honey။ အဲဒီလိုနောက်ရင် ကျွန်မက သိပ်စိတ်ဆိုးတာရှင့်။ ကြည့် ကျွန်မကို
အမြှုပ်တစီစီ ထွက်အောင် ပြောတဲ့သူ။ ကိုယ်ခါခါ ခေါင်းခါခါနဲ့ ကြည့်မိသူကို
မူးအောင်လုပ်တဲ့ သူတဲ့။

ကေမြိုင်က ကျွန်မကို Zombie လို့လည်း ပြောသေးတယ်။
“သွား၊ မျက်နှာရူ
Admin
Admin
Admin

Posts : 53
Join date : 2011-01-31
Age : 31
Location : Yangon,Myanmar

http://friendworld.friendhood.net

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum