Admin

Admin:

Name Christano John Bryan Joseph
Age 18
e-mail onlinespyboy@gmail.com
Website http://friendworld.friendhood.net
နောက်ဆုံးထွက် album 10
Friends World
Green Tea Restaurant

PTT (Push To Talk)

Go down

Online PTT (Push To Talk)

Post by Admin on Sun Feb 13, 2011 4:41 am

PTT (Push To Talk)

Walkie-talkie ကဲ့သို့ အလုပ်လုပ်သော two-way communication service ဖြစ်သည်။ မိုဘိုင်းဖုန်းများကဲ့သို့ တစ်ချိန်တည်း တစ်ပြိုင်တည်း နှစ်ဖက် အပြန်အလှန် ပြောနိုင်သည့် Full-duplex မဟုတ်ပဲ တစ်ဖက်ပြောချိန်၌ တစ်ဖက်က နားထောင်ပေးရသည့် တစ်လမ်းသွား half-duplex စနစ်ဖြစ်သည်။

စကားပြောချိန်၌ ဖုန်းပါ ခလုတ်တစ်ခုအား ဖိထားရန် လိုပြီး တစ်ဖက်မှ ပြန်ပြောသံကို နားထောင်ရန် ခလုတ်အား လွတ်ထားရမည် ဖြစ်သည်။ ဤသို့ဖြင့် နှစ်ဖက် ဆက်သွယ် စကားပြောသူချင်း နားလည်မှု ယူ၍ ပြန်လှန် ဆက်သွယ်နိုင်ရသည်။ PTT System အများစု၌ တစ်ဦးမှ တမှတ်အုပ်စုတွင်းပါ အများသို့ စကားပြောဆိုနိုင်သော group calls လုပ်၍ ရသည်။ နောက်ဆုံးပေါ် PTT Systems များ၌ အင်တာနက် အက်ကြောင်းများပေါ်မှ ဖုန်းခေါ်သောVOIP Technology အသုံးပြုလာသလို Signal များအား 2.5G network သို့မဟုတ် 3G network များမှ သယ်ပို့ လာကြသည်။

Push

user သို့မဟုတ် Mobile device တစ်ခုထံသို့ ဦးတည်လိပ်မူ၍ ပေးပို့လာသော information တစ်ခုအားယင်းတို့မှ တစ်ကူးတစ်က တောင်းခံစရာမလိုပဲ ချက်ချင်းတန်းပို့ ပေးသော နည်းပညာ ဖြစ်သည်။ Push Technology ၏ ထင်ရှားသော သာဓကတစ်ခုမှာ Push Email ဖြစ်သည်။ Email server ထံရောက်လာသော email အား လိပ်စာရှင်မှ email ရောက်မရောက် တစ်ကူးတစ်က စစ်ဆေးကြည့်ရန်
မလိုပဲ ချက်ချင်းလက်ငင်း တန်း၍ ပေးပို့ပေးသည်။ Pull Technology ၌ email server အနေဖြင့် မိမိထံ ရောက်ရှိလာသော email အား လက်ခံ ထိန်းသိမ်း ပေးထားပြီး user ထံမှ မိမိဆီ ပေးပို့လာသော email ရှိမရှိ ဝင်ကြည့်သော အခါမှသာ သိနိုင်သော စနစ်ဖြစ်သည်။

PUK Code (PIN Unlock Code)

PIN Code ဖြည့်သော entry row အတွင်း သုံးကြိမ် သုံးလီ မှားဝင်မိ၍ GSM SIM Card Locked ကျသွားခြင်းအား ပြန်ဖြည်ပေးသောcode ဖြစ်သည်။ PUK code ဖြည့်သော entry row အတွင်း ဆယ်ကြိမ်ဆယ်လီ မှားဝင်မိပါက ယင်းGSM SIM Card အနေဖြင့် ရာသက်ပန် locked ကျကာ သုံးမရ ဖြစ်သွားပေမည်။ PIN code နှင့် PUK code နှစ်မျိုး စလုံးအား operator မှ သတ်မှတ် ပေးခြင်းဖြစ်ပြီး PIN code တစ်ခုတည်းကိုသာလျှင် လိုအပ်ပါက User မှ ပြောင်းလဲခွင့် ရှိသည်။

Predicitve Text Input

လက်ကိုင်ဖုန်း၏ Keypad ကိုအသုံးပြု၍ စကားလုံး စာသားများ ရိုက်သွင်းရာ၌ စကားလုံးပါ အက္ခရာအားလုံး ရိုက်သွင်းစရာ မလိုပဲ ထိပ်ဆုံးကျသော အက္ခရာတစ်လုံး (သို့မဟုတ်) နှစ်လုံး ရိုက်သွင်းလိုက်ရုံဖြင့် ဖုန်းတွင်းပါ built-in dictionary of word ဖြင့် တိုက်ကြည့်ကာ ဖြစ်တန်ခြေရှိသော စကားလုံးများအား တန်းစီ၍ ဖော်ပြပေးပြီး D-padကို အသုံးပြု၍ အလိုရှိရာ မှန်ကန်သည့် စကားလုံး ရှိရာသို့ Scroll လုပ်၍ ရွေးယူစေနိုင်သော စနစ်ဖြစ်သည်။ ယခင်နည်းကောင်း ဖြစ်သည့် ဂဏန်းတန်ဖိုး တစ်ခုနှင့် အက္ခရာ ၃ခုအား ကိုယ်စားပြုသည့်ုKey အား မိမိ အလိုရှိသည့် အက္ခရာ သို့မဟုတ် ဂဏန်းအလှည့် ကျလာသည်အထိ အကြိမ်ကြိမ် နှိပ်နေရသည့် ဒုက္ခ ကင်းသွားသည့် အတွက် typing လုပ်ရာ၌ ပို၍ လွယ်ကူမြန်ဆန် အဆင်ပြေစေသည်။ ထင်ရှား အသုံးများသည် Predicitve Text entry ၂မျိုးမှာ T9 နှင့် Motorola's တို့ဖြစ်သည်။

QCIF( Quarter Common Intermeditate Format)

အလျားလိုက် Pixel အရေအတွက် ၁၇၆ခုနှင့် ဒေါင်လိုက် Pixel အရေအတွက် ၁၄၄ခုဖြင့် ဖွဲ့စည်းထားသည့် ပုံရိပ်တစ်ခု ဖြစ်သည်။ ယင်း၏ resolution ကို သင်္ကေတအရ 176x144pixels ဟူ၍ ဖော်ပြလေ့ ရှိသည်။ CIF resolution (352x288pixels) ပုံရိပ် အဆင့်ထက် ၄ဆပို၍ ငယ်သောကြောင့် Quarter CIF ဟူ၍ ခေါ်တွင်ရခြင်း ဖြစ်သည်။

Quad- band

GSM ဖုန်းဆက်ကြောင်းများတွင် အဓိကအသုံးပြုနေသည့် 850,900,1800,1900 MHz ရေဒီယိုကြိမ်နှုန်းခွင် လေးမျိုးစလုံးတွင် အသုံးပြု ချိတ်ဆက်နိုင်သော မိုဘိုင်းဖုန်းများအား ရည်ညွှန်းခြင်း ဖြစ်သည်။ယင်း quad band ဖုန်းများဖြင့် ကမ္ဘာတစ်ဝန်း GSM network များတွင် အသုံးပြုသော မည်သည့် ရေဒီယို ကြိမ်နှုန်းသို့မဆို ဝင်ရောက် ချိတ်ဆက်နိုင်မည် ဖြစ်သည်။ အမေရိကန် GSMဆက်ကြောင်းများ၌ 850/1900MHz ရေဒီယိုကြိမ်နှုန်းခွင် အသုံးပြုပြီး ကျန်ကမ္ဘာနိုင်ငံများ၌ 900/1800MHz ရေဒီယိုကြိမ်နှုန်းခွင်ကို အသုံးပြုသည်။

QVGA(Quarter Video Graphics Array)

အလျားလိုက် Pixel အရေအတွက် ၃၂၀ နှင့် ဒေါင်လိုက် Pixel အရေအတွက် ၂၄၀ဖြင့် ပါဝင်သည့် စုစုပေါင်း 320/240 Pixel အရေအတွက် ပါဝင်သည့် ပုံရိပ်တစ်ခု ဖြစ်သည်။ VGA resolution(640 x480 pixels) ပုံရိပ်တွင် ပါသည့် Pixel အရေအတွက်ထက် လေးဆ ပိုငယ်သဖြင့် Quater VGA ဟူ၍ ခေါ်တွင်ရခြင်း ဖြစ်သည်။

QWERTY Keyboard Layout

အအပေါ်ဆုံးတန်း လက်ဝဲမှ လက်ယာဖက်သို့ QWERTY ဟူ၍ အက္ခရာ အစီအစဉ်ချထားသည်။ Keyboard တစ်ခု၏ လက်ကွက်ချ အစီအစဉ်Layout ဖြစ်သည်။ မိုဘိုင်းဖုန်းများ၏ လက်ကွက် Layoutအား ဤအစီအစဉ် အတိုင်းထားခြင်းဖြင့် Keyကွက်အရွယ် အစား သေးငယ် ပြွတ်ကျပ်နေသော်လည်း အဆင်ပြေ လွယ်ကူမှု ရှိကြောင်း တွေ့ရသည်။

RAM (Random-Access Memory)

ယာယီမှတ်တမ်းတင် သိမ်းဆည်း ထားသည့်data များအား any position in any order ပုံစံ ရုတ်ချည်း ရှာဖွေရယူနိုင်ရန် စီစဉ်ထား သည့် memory ပုံစံ အမျိုးအစား ဖြစ်သည်။ RAM အား OS and applicationsoftware များက dataများ ရယူကိုင်တွယ်ရန် အသုံးပြုသည်။ RAM အနေဖြင့် memory access လုပ်ရာတွင် အလွန်လျင်မြန်သော်လည်း လျှပ်စစ်ဓာတ်အား ပြတ်တောက် သွားချိန်၌ လက်ခံ ထိန်းသိမ်း ပေးထားသော memoryများ ပျောက်ကွယ်ကုန်သည်။

ထို့ကြောင့် RAM ကို ယာယီ လက်ခံ ထိန်းသိမ်း၍ လျင်မြန်စွာ ပြန်ထုတ်ပေးသည့် temporary storage အတွက်သာ အသုံးပြုပြီး ကြာရှည် သိမ်းဆည်းထားရန် လိုသည့် data များ သိုလှောင်ရန် အတွက် flashmemory သို့မဟုတ် hard drive (HDD)များ အသုံးပြုလေ့ ရှိသည်။ အကြမ်းဖျင်းအားဖြင့် Device တစ်ခု၌ တပ်ဆင်ထားသော RAM ပမာဏ ပိုကြီးလေပို၍ ရှုတ်ထွေးသော software များကို ကိုင်တွယ်နိုင်လေဖြစ်ပြီး တစ်ချိန်တည်း တစ်ပြိုင်တည်း၌ တစ်ခုမကသော multiple applications များ run နိုင်လေလေ ဖြစ်သည်။
avatar
Admin
Admin

Posts : 53
Join date : 2011-01-31
Age : 26
Location : Yangon,Myanmar

http://friendworld.friendhood.net

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum