Admin

Admin:

Name Christano John Bryan Joseph
Age 18
e-mail onlinespyboy@gmail.com
Website http://friendworld.friendhood.net
နောက်ဆုံးထွက် album 10
Friends World
Green Tea Restaurant

ရန်ကုန်-နေပြည်တော် ယာဉ်လိုင်းသစ်တွင် ရွေ့လျား အင်တာနက်သုံးနိုင်ရန် စီစဉ်

Go down

Online ရန်ကုန်-နေပြည်တော် ယာဉ်လိုင်းသစ်တွင် ရွေ့လျား အင်တာနက်သုံးနိုင်ရန် စီစဉ်

Post by Admin on Sun Feb 13, 2011 4:18 am




ဖေဖော်ဝါရီလ ၄ ရက်မှ စတင်၍ ရန်ကုန်-နေပြည်တော်ခရီးစဉ်ကို စတင်ပြေးဆွဲခဲ့သည့် Elite Express ယာဉ်လိုင်းသစ်တွင် ရွေ့လျားအင်တာနက် ဝန်ဆောင်မှုကို သုံးစွဲနိုင်ရန် စီစဉ်လျက်ရှိကြောင်း ထိုယာဉ်လိုင်းမန်နေဂျာ ဦးထွန်းမြင့်စံက ပြောကြားသည်။

“မက်ဝဲလ်အင်တာနက်လိုင်း ဒါမှမဟုတ်လည်း SkyNet အင်တာနက်လိုင်း စသည်ဖြင့် အင်တာနက်လိုင်း တစ်ခုခုကိုတော့ ယာဉ်လိုင်းမှာ တပ်ဆင် ပေးသွားဖို့ရှိပါတယ်။ ဘီလ်ကောက်မှာလား၊ မကောက်ဘူးလား ဆိုတာကတော့ မဆုံးဖြတ်ရသေးဘူး” ဟု ၎င်းက ပြောသည်။

ဆွီဒင်နိုင်ငံမှ တင်သွင်းသော ခရီးသည်တင် ယာဉ်ကြီးများဖြင့် ပြေးဆွဲသည့် အဆိုပါ ယာဉ်လိုင်းတွင် ခရီးသည်များ၏ ဆက်သွယ်ရေးပိုင်း အဆင်ပြေစေရန်အတွက် ဖုန်းတပ်ဆင် ပေးထားသည့်အပြင် ကျပ်ငါးသိန်းတန် ကြိုတင် ငွေပေးကတ်များကိုလည်း ရောင်းချပေးသွားမည် ဖြစ်ကြောင်း ဆိုသည်။ ထိုယာဉ်လိုင်းမှ မနွယ်ဇင်ထွန်းက “ယာဉ်လိုင်းပေါ်မှာ နေပြည်တော် ကျပ်ငါးသိန်းတန်ဖုန်းတွေ တပ်ဆင်ပေးထားတယ်။ အဝင်ဖုန်း ဆိုရင်တော့ အခမဲ့ပဲ။ အထွက်ဆိုရင်တော့ တစ်မိနစ်ကို တစ်ရာကျပ် သတ်မှတ်ထားတယ်။ လျှပ်စစ်ပါဝါ အတွက်ကတော့ လက်ပ်တော့ပ်တွေနဲ့ မိုဘိုင်းဖုန်းတွေ အားသွင်းနိုင်အောင် ထိုင်ခုံနှစ်ခုံခြားစီမှာ မီးပလပ်ပေါက်တွေ ထားရှိပေးထားတယ်” ဟုပြောသည်။

ထို့ပြင် အဆိုပါ ယာဉ်လိုင်းရှိ အဝေးပြေးယာဉ်တိုင်းတွင် မောင်းနှင်မှုအမြန်နှုန်းကို ကွန်ပျူတာ ဆော့ဖ်ဝဲဖြင့် ထိန်းချုပ်နိုင်သည့် စနစ်ကိုလည်း တပ်ဆင်ထားကြောင်း သိရသည်။

“ Scania ဆော့ဖ်ဝဲကို သုံးစွဲထားတယ်။ ဒီဆော့ဖ်ဝဲကြောင့် မော်တော်ယာဉ်က ၁၁၅ကီလိုကိုသာ မောင်းနှင်ခွင့် ရရှိမှာပါ။ ယာဉ်လိုင်းမှာ အန္တရာယ်ကင်းရှင်းဖို့ကို အဓိက ဦးစားပေးထားပါတယ်” ဟု ဦးထွန်းမြင့်စံက ပြောသည်။ ထိုယာဉ်လိုင်းမှာ ရန်ကုန်နှင့် နေပြည်တော်မြို့များအကြား တစ်နေ့လျှင် ခြောက်ခေါက်နှုန်းဖြင့် ပြေးဆွဲမည်ဖြစ်ပြီး ယာဉ်စီးခကို လက်မှတ်တစ်စောင်လျှင် ၆,၀ဝဝ ကျပ်နှုန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရှိရသည်။
avatar
Admin
Admin

Posts : 53
Join date : 2011-01-31
Age : 26
Location : Yangon,Myanmar

http://friendworld.friendhood.net

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum