Admin
Admin:
Name | Christano John Bryan Joseph |
Age | 18 |
onlinespyboy@gmail.com | |
Website | http://friendworld.friendhood.net |
နောက်ဆုံးထွက် album 10
Friends World
Latest topics
Green Tea Restaurant
ဦးသိန်းစိန်၊ ဒေါက်တာစိုင်းမောက်ခမ်းနှင့် သီဟသူရ ဦးတင်အောင်မြင့်ဦးတို့အား ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရှိရပါသည်။
Onlinespyboy :: သတင်း :: ပြည်တွင်းသတင်း
Page 1 of 1 • Share •
ဦးသိန်းစိန်၊ ဒေါက်တာစိုင်းမောက်ခမ်းနှင့် သီဟသူရ ဦးတင်အောင်မြင့်ဦးတို့အား ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရှိရပါသည်။
နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင်ပါဝင်သည့် ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့၊ ရွေးကောက်ခံအမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့နှင့် ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်တို့တွင် ပါဝင်သော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့တို့က အစုအဖွဲ့အလိုက် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ရေးအတွက် အစုအဖွဲ့အစည်းအဝေးများကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ယင်းအရ ဦးသိန်းစိန်အား ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့၊ ဒေါက်တာ စိုင်းမောက်ခမ်းအား ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့၊ ပုဗ္ဗသီရိမဲဆန္ဒနယ်မှ သီဟသူရ ဦးတင်အောင်မြင့်ဦးအား ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့တွင် ပါဝင်သော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအစု အဖွဲ့တို့က ဒုတိယသမ္မတ များအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရှိရပါသည်။
ဇမ္ဗူသီရိ မဲဆန္ဒနယ်မှ ဦးသိန်းစိန်နှင့် လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးစောသိန်းအောင်တို့အား ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာအေးမောင်တို့အား ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့တို့က ဒုတိယသမ္မတလောင်းများအဖြစ် အဆိုပြုတင်သွင်းထားခဲ့ခြင်း ဖြစ်ပါသည်။
လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့အလိုက် ဒုတိယသမ္မတလောင်းအမည်စာရင်း တင်သွင်းရာ၌ ဒုတိယသမ္မတလောင်း တစ်ဦး ထက်ပို၍ ပါရှိလျှင် ဒုတိယသမ္မတ ရွေးချယ်တင်မြှောက်ခြင်းကို ဆန္ဒမဲ လက်မှတ်ပုံစံ (၃)ဖြင့် လျှို့ဝှက်ဆန္ဒမဲပေး၍ ရွေးချယ်တင်မြှောက်ရမည်ဖြစ်ရာ ယင်းအရ လျှို့ဝှက်ဆန္ဒမဲပေး၍ ရွေးချယ်တင်မြှောက်ရာတွင် ဦးသိန်းစိန်က ထောက်ခံမဲ ၂၇၆ မဲ၊ ဦးစောသိန်းအောင်က ထောက်ခံမဲ ၃၈ မဲ ရရှိခဲ့ကြောင်းနှင့် ပယ်မဲမှာ ၁၁ မဲ ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဒေါက်တာစိုင်းမောက်ခမ်းက ထောက်ခံမဲ ၁၄၀၊ ဒေါက်တာအေးမောင်က ထောက်ခံမဲ ၂၇ မဲ ရရှိခဲ့ကြောင်းနှင့် ပယ်မဲမှာ တစ်မဲဖြစ်ကြောင်း သိရသည်။
သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့က နိုင်ငံတော်သမ္မတလောင်းများဖြစ်သည့် ဒုတိယသမ္မတသုံးဦး အနက် မိမိတို့ကြိုက်နှစ်သက်သည့် ဒုတိယသမ္မတတစ်ဦးကို နိုင်ငံတော် သမ္မတအဖြစ် ဆန္ဒမဲပေး ရွေးချယ် တင်မြှောက်ရမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတကို သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့ဖြင့် ရွေးချယ်တင်မြှောက်မည်ဖြစ်ကြောင်း၊ သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့ သုံးဖွဲ့ဖြင့်ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ ယင်းအစုအဖွဲ့တို့မှာ တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်ဦးရေ တူညီစွာရွေးကောက်တင်မြှောက်ခြင်း ခံရသော လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့၊ မြို့နယ်ကို အခြေခံ၍လည်းကောင်း၊ လူဦးရေကို အခြေ ခံ၍လည်းကောင်း ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ရှိ ရွေးကောက်တင်မြှောက်ခြင်းခံရသည့် လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့၊ ဖော်ပြပါလွှတ်တော်နှစ်ရပ် အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့တို့ ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတတို့၏ ရာထူးသက်တမ်းသည် ငါးနှစ်ဖြစ်ပြီး ရာထူးသက်တမ်း နှစ်ကြိမ်ထက်ပို၍ ထမ်းဆောင်ခြင်း မပြုရဟု သိရသည်။
ထို့ပြင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့ဦးစီးသည့် တစ်စီးပွားတည်းဖြစ်သော မိသားစုပိုင်မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေးလုပ်ငန်း၊ စုငွေနှင့် အခြား အဖိုးတန်ပစ္စည်းများကို တန်ဖိုးနှင့် တကွ စာရင်းပြုစုပြီး ပြည်ထောင်စု လွှတ်တော်နာယကထံ ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။
Source: www.news-eleven.com

Page 1 of 1
Permissions in this forum:
You cannot reply to topics in this forum
|
|
» BFဆိုတာဘာလဲ
» ကွန်ပျူတာက ကောင်မလေးသို.
» ၀ိဥာဉ်တစ်ကောင်ရဲ့တမ်းချင်း
» Format Factory
» Window XP Start နဲ့  Shutdown မြန်အောင်လုပ်နည်း
» Window XP ရဲ့ လျိဝှက်ချက် 40
» Youtube က video များကို Gtalk Chat Box မှာ ကြည့်ရအောင်
» အင်တာနက်ကွန်နက်ရှင် မြန်လာအောင်
» Repairing Memory Stick